Jan 25, 2025
မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ သမိုင်းစဉ်တစ်လျှောက်၌ အမြော်အမြင်ကြီးမားသည့် တိုင်းပြည်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူများ အတူပူးပေါင်းလက်တွဲပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့ရာ ယနေ့ထက်တိုင် နိုင်ငံတော်ကြီးတည်တံ့ဖြစ်ထွန်းလျက်ရှိသည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်ကလည်း တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း နယ်ချဲ့ကိုတွန်းလှန်နိုင်ခဲ့သည်။
Jan 25, 2025
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအကြိမ်ရေနှင့် သေဆုံးသူလူဦးရေတို့မှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း သိရသည်။ ယမန်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှု ၃၈၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၀၁၁ ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ် ယာဉ်တိုက်မှုများ၏အောက် ၈၉၇ ကြိမ် လျော့ကျသွားခဲ့ပြီး သေဆုံးသူ ၄၁၁ ဦး လျော့ကျသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
Jan 24, 2025
ပိဋကတ်သုံးပုံပါဠိတော်ခုနစ်ကျမ်းအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (တိုးချဲ့ရုံးသစ်)၌ ကျင်းပသည်။
Jan 24, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပဋိပတ္တိမာမကကျောင်းတိုက်မှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 24, 2025
အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ နှင့်သင်တန်းသား WCC အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jan 24, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 24, 2025
အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -
Jan 24, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိနားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။
Jan 24, 2025
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 24, 2025
၁။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အောင်သီဟရပ်ကွက်၊ သဇင်လမ်း၊ ဧ-၁၂၇ တွင် ပါတီရုံးချုပ်တည်ရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP)က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၁-၁-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်းအသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
Jan 24, 2025
သင့်တော်သော ရေသွင်းနည်းစနစ်ကို မှန်ကန်စွာအသုံးချပြီး မိုးကြို၊ မိုး၊ မိုးနှောင်း၊ ဆောင်း စသည့် စိုက်ရာသီများတွင် သင့်တော်သည့်အချိန်ကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ဝါသီးမျိုး ခြောက်မျိုးစမ်းသပ်စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပျဉ်းမနား စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းဝင်း၌ ဆောင်ရွက်ထားရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး လွန်ကျော်၊ ရွှေတောင်(ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ)၊ ပျော်ဘွယ်(ချောင်းမကြီး) ဝါသီးနှံမျိုးသန့်ခြံ၊ မကွေးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ (အောင်လံ)၊ ပဲခူးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ(လေးဆည်ပြင်)တို့မှ ခြံတာဝန်ခံများ၊ သုတေသနတာဝန်ခံများ၊ မျိုးပွားတာဝန်ခံများနှင့် စိုက်ပျိုးရေးပညာရှင်များ လာရောက်လေ့လာကြသည်။
Jan 24, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Jan 24, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာလိုက်သည်။
Jan 24, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Jan 24, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jan 24, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။
Jan 24, 2025
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ်အမြင့် နှစ်ပေငါးလက်မ၊ ကိုယ်လုံးလုံးပတ် သုံးပေတစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
Jan 24, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Polytechnic University (Kyaing Tong) Faculty of Computing သို့ ရောက်ရှိပြီး သင်ကြားသင်ယူဆောင်ရွက်နေသည့် စာသင်ခန်းများနှင့် လက်တွေ့ခန်းများကိုလည်းကောင်း၊ ICT နည်းပညာများကိုအသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေကြသော သုတေသနပရောဂျက်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 24, 2025
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပသည်။
Jan 24, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲစာရင်းတွင်ပါဝင်ရမည့် လူဦးရေစာရင်းများပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
