Skip to main content

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၇

 

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (ASEAN Senior Officials Meeting on the Environment- ASOEN and Related Meetings) စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဘရူနိုင်းနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ (ASOEN) ၏ လက်ရှိဥက္ကဋ္ဌ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပတ်ဝန်း ကျင်ထိန်း သိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး စုပေါင်း  ဓာတ်ပုံရိုက်ကြသည်။

 

(၁၆)ကြိမ်မြောက် စည်းဝေး

 

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ  အဆင့်မြင့်အရာ ရှိကြီးများ လက်ရှိဥက္ကဋ္ဌဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ ပူးတွဲ  သဘာပတိအဖြစ် ဘရူနိုင်းနိုင်ငံမှ Dr. Nor Imtihan တို့က ဆောင်ရွက်ကြပြီး အစည်းအဝေးတွင် (၁၆) ကြိမ်မြောက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ဦးဆောင်ကော်မတီ အစည်း အဝေး၊ အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးအဆင့်

အစည်းဝေး၊ (၂၂) ကြိမ်မြောက် ဒေသခွဲ နယ်စပ်ဖြတ်  ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေး၊ (၁၀) ကြိမ်  မြောက် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် ဦးဆောင် ကော်မတီ အစည်းအဝေးတို့နှင့်စပ်လျဉ်း၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ဆွေးနွေးတင်ပြသည်။

 

စွန့်ပစ်ပစ္စည်းဆိုင်ရာ ဆွေးနွေးတင်ပြ

 

ဆက်လက်၍ အာဆီယံဇီဝမျိုးစုံမျိုးကွဲ  ထိန်းသိမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို အာဆီယံဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဗဟိုဌာန၊ အာဆီယံဒေသတွင်း အဏ္ဏဝါညစ်ညမ်းမှု တိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို အာဆီယံကမ်းရိုး တန်းနှင့် အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ထိုင်းနိုင်ငံ၊ (၅) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်  ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော မြို့တော်ဆု အစီအစဉ်ကို အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မြို့တော် တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ မလေးရှား နိုင်ငံ၊ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အပေါ် အာဆီယံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက်ကို  ဘရူနိုင်းနိုင်ငံ၊ အာဆီယံရာသီဥတုပြောင်းလဲမှုဆိုင် ရာ အစီရင်ခံစာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ပူးတွဲ  ကြေညာချက်ကို အာဆီယံဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ စင်ကာပူနိုင်ငံ တို့က ဆွေးနွေးတင်ပြကြသည်။

 

အစည်းအဝေးအစီရင်ခံစာ ပြုစု

 

 ယင်းနောက် Environmentally Sound Technologies ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံရေရှည် တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ (၆) ကြိမ် မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာ (SOER6) နှင့် Establishment of ASEAN Resources  Panel တို့ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်  အာဆီယံရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ မူဘောင်ကို အင်ဒိုနီးရှားနိုင်ငံတို့ က ဆွေးနွေးတင်ပြခြင်း၊ အာဆီယံ - တရုတ်  စိမ်းလန်း၍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက် (မူကြမ်း)၊ အာဆီယံ- ဂျပန် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းအစီအစဉ်၊ အာဆီယံ - အီးယူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၊ အာဆီယံ- ကိုရီးယား  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မှု မူဘောင်ဆိုင်ရာ အာဆီယံ - ယူကေ ပူးပေါင်းဆောင်ရွက်မှု အစည်း အဝေးနှင့် အာဆီယံ-အမေရိကန် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတို့ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးက ဆွေးနွေးတင်ပြ ခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ အစီအစဉ် (မူကြမ်း)၊ အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း လမ်းပြမြေပုံ (၂ဝ၂၅)နှစ်လယ် အကဲ ဖြတ်မှု အစီရင်ခံစာ၊ အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း သုတေသန ပလက်ဖောင်းများ၊ တီမောလတ် စတေနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားမှုအား အကဲဖြတ်ခြင်း၊ အာဆီယံဒေသ တွင်း မိုးခေါင်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှု များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆွေးနွေး တင်ပြခြင်း၊ အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် မိတ်ဖက် နိုင်ငံများ အစည်းအဝေး များအတွက် ပြင်ဆင်ထားမှု များအား ဘရူနိုင်းနိုင်ငံက တင်ပြခြင်း၊ (၁၆) ကြိမ် မြောက် အာဆီယံပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ပြင်ဆင်ထား မှုများအား အင်ဒိုနီးရှားနိုင်ငံက တင်ပြခြင်း၊ အခြားကိစ္စရပ်များ အနေဖြင့် အာဆီယံအစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးမှု ဗဟိုဌာန၏ လုပ်ငန်းတာဝန်များ၊ အရှေ့အာရှဒေသ တွင်း အဏ္ဏဝါညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်(မူကြမ်း)၊၂၀၂၂ ခုနှစ်အတွက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအောက်ရှိ အာဆီယံအစည်း အဝေးများအား ပြက္ခဒိန်သတ်မှတ်ခြင်း၊ အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ၏ အထောက်အကူပြု အဖွဲ့များတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပါဝင်ဆောင်ရွက်ရန်နှင့် ဆက်သွယ်ရန် ပုဂ္ဂိုလ်အမည်စာရင်းများ အတည်ပြုခြင်း၊ (၃၃) ကြိမ် ( မြောက် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် နေရာသတ်မှတ်ရန်ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အစည်းအဝေးအစီရင်ခံစာ ပြုစုခြင်း တို့ကို အာဆီယံအတွင်းရေး မှူးချုပ်ရုံးက ဆွေးနွေး တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

(၁၈) ကြိမ်မြောက် စည်းဝေး

 

စက်တင်ဘာ ၁၆ ရက်တွင် (၁၅) ကြိမ်မြောက်  အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း  ဆောင်ရွက်မှု အစည်းအဝေး၊ ပထမအကြိမ်မြောက်  အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံအီးယူ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲနှင့် စက်တင်ဘာ ၁၇ ရက်တွင် အာဆီယံ- အမေရိကန် ပတ်ဝန်းကျင်နှင့်ရာသီဥတု  ပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတို့ကို  ကျင်းပခဲ့သည်။

 

တာဝန်ရှိသူများတက်ရောက်

 

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊  အာဆီယံဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဗဟိုဌာနနှင့် အာဆီယံ အတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ဌာန အကြီးအကဲများ၊ ASOEN အောက်ရှိ Working Groups များမှ National Focal Points များနှင့် အဆင့်မြင့်အရာရှိများ၊ Development Partners များ ASEAN Centre for Biodiversity-ACBI ASEAN Specialized Meteorological Centre-ASMC တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

 

သတင်းစဉ်