နေပြည်တော် စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်တွင်ဒေသတွင်းစားနပ်ရိက္ခာဖူလုံ ရေးနှင့်ပြည်သူ များ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူ သုံးကုန် လုပ်ငန်းများကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူ များက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင် များသည် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် အတွင်း နယ်မြေခံတပ် များရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ ဆိတ်မွေးမြူ ရေးလုပ်ငန်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် DYL ဝက်မွေးမြူရေးလုပ်ငန်း အခြေအနေတို့ကို လည်းကောင်း(ယာပုံ)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ သည် မိုင်းတုံတပ်နယ် နယ်မြေခံတပ်များ၌ စိုက်ပျိုး ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကို လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ စိုက်ပျိုးရေး လုပ်ငန်းများ နှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း အသီးသီးသွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်