Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ချစ်ခင် ရင်းနှီးစွာ မိတ်ဝတ်မပျက်ဆက်ဆံဆောင်ရွက်လျက်ရှိရာ ယခုရက်ပိုင်း အတွင်း အာဆီယံနိုင်ငံများနှင့် အတူ နိုင်ငံအများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင် သည်ကို တွေ့ရသည်။

စက်တင်ဘာ ၁၃ ရက်ကပြုလုပ်သည့် အကြိမ် (၂၀)မြောက် အာဆီယံ - တရုတ် စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ- ဆွစ်ဇာလန် စီးပွားရေးဝန်ကြီးများအစည်း အဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ +၃ စီးပွားရေးဝန်ကြီးများအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ။

စက်တင်ဘာ ၁၄ ရက်တွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ -ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံ - အိန္ဒိယ စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၁၇) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့ အစည်း အဝေးနှင့် (၁၀) ကြိမ်မြောက် အာဆီယံ - ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေး များသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွင်ပင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ (၅၄) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင်အစည်းအဝေးနှင့် (၃၃) ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲ ကော်မရှင် အစည်းအဝေးကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် စက်တင်ဘာ ၁၅ ရက်တွင် (၂၆) ကြိမ်မြောက် အာဆီယံ - သြစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ (၂၇)ကြိမ်မြောက် အာဆီယံ - ဂျပန် စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ ပထမအကြိမ်မြောက် အာဆီယံ - ဗြိတိန် စီးပွား ရေးဝန်ကြီးများဆွေးနွေးပွဲနှင့် (၉) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့တွင် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ စက်တင်ဘာ ၁၆ ရက်တွင် (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ဆက်စပ်အစည်းအဝေးများကိုဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာမြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးဆိုင်ရာ ဖိအား အမျိုးမျိုး၊ ကန့်သတ်မှုအမျိုးမျိုး တို့ရှိနေသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကို လက်တွေ့ တာဝန်ယူ ဆောင်ရွက်နေသောအစိုးရတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး၊ လူမှုရေးဘက်ဆိုင်ရာတို့တွင် တရားဝင် ပါဝင်တက်ရောက်ဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်ရှိနိုင်ငံများ အကြား ကောင်းသောလက္ခဏာဖြစ်သည်။ ထိုသို့ နိုင်ငံတကာနှင့် ပါဝင်ဆွေးနွေး ဆောင်ရွက်ခွင့်ရသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ပကတိအခြေအနေမှန် များနှင့် မြန်မာနိုင်ငံအစိုးရ၏ လက်တွေ့ဆောင်ရွက်မှုများကို နိုင်ငံအများကသိရှိ နားလည်ကြပြီး အနာဂတ်ရှေ့ခရီးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံအများ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မျှော်မျှော်လင့်ပါသည်။ အစည်းအဝေးများ တွင် နိုင်ငံအချင်းချင်း လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်မှု၊ ဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု၊ မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုများ၊ ကုန်သွယ်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ စသည် တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စီးပွားရေး၊ လူမှုရေး ဆိုင်ရာဘက်တွင် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံ တို့နှင့် တရားဝင်မိတ်ဖက်ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်သဖြင့် ရှေ့အဖို့တွင် နိုင်ငံများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကာ မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ပိုမို တိုးမြှင့်ဖော်ဆောင်နိုင် မည်ဟု ယုံကြည်ပါကြောင်း။ ။