Skip to main content

Jul 19, 2023

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ ဇူလိုင် ၁၈ ရက်နှင့် ယနေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်အတွင်း ရေဝင်ရောက် မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါရပ်ကွက်မှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ဝင် ၂၂၀ စုတို့အား အောင်သိဒ္ဓိကျောင်းတိုက်နှင့် အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ မော်လမြိုင်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ ဈေးကြိုရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ လှိုင်ရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ နောင်ခရီရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများကြောင့် အဆိုပါရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စုဝင် ၁၃၆၁ စုတို့အား မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ကွက် ဓမ္မကာရီဓမ္မာရုံနှင့် မြေအမြင့်ပိုင်းရှိ နေရာများသို့လည်းကောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီပြောင်းရွှေ့နေရာချထားပေးပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

 တပ်မတော်တွင် တတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) ၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၀၅၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၆) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ အမြန်လူစီးရထား (၁၈) စင်း၊ စာပို့ရထား (၁၄) စင်း၊ လူစီးကုန်တင်ရထား (၈) စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅) စင်း၊ စုစုပေါင်းလူစီးရထား (၇၇)စင်းနှင့် ကုန်ရထား (၆) စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာတွင်နေထိုင်၍ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော တိုင်းစစ်ဌနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါလေးဝတီပညာရေး ရိပ်သာခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့သို့ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက်ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် မြောက်ဦးမြို့ သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်ရေး အသိပေးကြေညာ

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်က ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း Box Culvert နှင့်လမ်းများ တိုးချဲ့ဖောက်လုပ်နေမှုနှင့် သာယာ လှပရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်   ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ ကျင်းပသည့်  (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု  နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

ပြန်ကားရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကား(ရန်ကုန်)၌ သံစုံတီးဝိုင်း၏ နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက်စီစဉ်သည့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

​​​​​​​၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်(ယနေ့)သည် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည်။ နှစ်အားဖြင့် ၇၀ ကျော်ကြာပြီဖြစ်သော်လည်း မြန်မာပြည်သူ ပြည်သားအားလုံးအနေဖြင့် ဤနေ့ကို ယနေ့ထက်တိုင် မမေ့နိုင်သေးပါ။ မသမာသူအကြမ်းဖက် လူသတ်သမားများက အမျိုးသားခေါင်းဆောင်ကြီးများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည့် အဖြစ်ဆိုးကြီးကို ပြည်သူအားလုံး၏နှလုံးသားတွင် စွဲကျန်ရစ်နေမည်သာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2023

​​​​​​​ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မိမိတို့သည် အာဇာနည်နေ့သို့ရောက်တိုင်း အတိတ်ကာလက ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် မနားမနေကြိုးပမ်းကြရင်းနှင့် မသမာသူတို့၏ လုပ်ကြံမှုကြောင့် လွတ်လပ်ရေးမရမီ လက်တစ်ကမ်းအလိုတွင် ကျဆုံးခဲ့ရသည့်အဖြစ်ကို ပြန်လည်အမှတ်ရ‌လေ့ရှိကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ထူးခြားထင်ရှားသည့် ကိုယ်ရည်ကိုယ်သွေးနှင့် နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် တို့ကိုလည်း ပြန်ပြောင်းအောက်မေ့ကာ အလေးအမြတ်ပြုကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2023

ထိုင်းနိုင်ငံရှိ Siam Cement Group (SCG) ကုမ္ပဏီ၊ ထိုင်းကြက်ခြေနီ အသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ယနေ့နံနက်ပိုင်းက‌ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2023

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၆)နှစ်မြောက် အခမ်း အနားကို ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီး H.E.Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Wang Wei ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်