Jul 16, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
Jul 16, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 16, 2023
ယခုရက်ပိုင်းအတွင်းပြုလုပ်သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာအစည်းအဝေး အချို့တွင် သက်ဆိုင်ရာနိုင်ငံမပါဘဲ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့ ဆွေးနွေးပြောဆိုနေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းပြတ်သားစွာ အသေးစိတ် တုံ့ပြန်ပယ်ချထားသည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပြောဆိုမှုများကို ရှေးယခင်ကာလများမှ ယခုအချိန်ထိတိုင် ပြောဆိုနေကြဆဲဖြစ်သည်။
Jul 16, 2023
လွန်ခဲ့သည့် (၇၆)နှစ်။ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းသည် နိဒါန်းပဏာမအစမှာပင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် အရုပ်ဆိုးအကျည်းတန်စွာ ဖွင့်လှစ်ခဲ့ရာ လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံအပေါ် အဆိုပါဖြစ်ရပ်က များစွာပြောင်းလဲသွားစေသည်ဟု မြန်မာနိုင်ငံသား အများအပြားတို့က ယနေ့ထက်တိုင် ယုံကြည်ကြသည်။ အကယ်၍သာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နိုင
Jul 16, 2023
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂) ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းကော်မတီ (၁၂) ခုအနက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-
Jul 16, 2023
နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Jul 15, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 15, 2023
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
Jul 15, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေ စေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 15, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီး ဖြစ်သည်။
Jul 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Jul 15, 2023
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားခ ကောက်ခံ ရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးတို့နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးလျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်း (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။
Jul 15, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency – CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ဖွံ့ဖြိုးမှု မျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့် ညီလာခံနှင့် ရှမန်မြို့၌ ကျင်းပသည့် “၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
Jul 15, 2023
ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ ဝင်/ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Jul 15, 2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေတပ်နယ်၌တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး၌ ငါးသားပေါက်ကောင်ရေ သိန်း(၁၀၀၀)ကျော် မျိုးစိုက်ထည့်ရန်လျာထား
Jul 15, 2023
နေပြည်တော် ကောင်စီနယ်မြေ ပေါင်းလောင်းချောင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာ အုပ်ချုပ်ရေး မှူးရုံးရှေ့၌ ကျင်းပသည်။
Jul 15, 2023
မဲခေါင် - လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပသည်။
Jul 15, 2023
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခ လွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း နှစ်အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ နှစ်အုပ်နှင့်အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ တစ်အုပ် ပေးပို့လျက်ရှိပါသည်။
Jul 15, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် (GlobE Network) စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်သည်။