Skip to main content

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၁၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၅

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၁၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီးတွင် မအီလာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ပလတ်စတစ်လက်ဆွဲအိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၄ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မအီလာ(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)