Skip to main content

May 13, 2024

“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”

ဆက်လက်ဖတ်ရှုရန်

May 13, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 13, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်လုပ်ငန်းသုံးပစ္စည်း Earthing Lug ကီလိုဂရမ် ၁၈၀ အပါအဝင် ကုန်ပစ္စည်း ၁၄ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၆၉၅၀၀၅၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Super King အင်ဂျင်ဝိုင် ၁၅၄၈ ကီလိုဂရမ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Bolt & Nut ကီလိုဂရမ် ၂၇၁၅၀ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၆၄၇၂၄၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နယ်သာလန်နိုင်ငံထုတ် Starlink Standard Kit Wifi Router လေးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၉၇၂၉၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ (၁၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်ကုန်းမြေရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ရုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး MSME  အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံဇုန် (၁+၂) တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီရုံးသို့ သွားရောက်၍ မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မီးလင်းရေးနှင့်ပတ်သက်၍ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ငွေကောက်ကောင်တာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 13, 2024

စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်