Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စက်ယန္တရားယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ လိုင်စင်မဲ့ Vigo Ford Ranger မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၀၀၀၀၀) ၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ လိုင်စင်မဲ့ Hitachi ဘက်ဟိုးတစ်စီး၊ CAT ဘက်ဟိုးတစ်စီး၊ Doosan ဘက်ဟိုးတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀၀)၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) နှင့် ဘုတ်ပြင်းခရိုင် ဘုတ်ပြင်း မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ တရားမဝင် အခြားသစ် ၃ ဒသမ ၀၉၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၉၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၁၆၄၉၇၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထန်းတပင်မြို့နယ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၂၇၈ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၅၂၄၀) ကိုလည်းကောင်း၊ လှိုင်သာယာမြို့နယ်အတွင်း၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၂၁ ဂါလန်၊ ဒီဇယ်ဆီ ၄၁ ဂါလန်၊ အင်ဂျင်ဝိုင်သစ်/ဟောင်း ဂါလန် ၂၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆၈၅၆၅)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၅၃၈၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၃ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၉၁၁၈၇၇၅ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်၊၊

သတင်းစဉ်