Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် တပ်မတော်အားပေးသူတွေကို နေ့စားခပေးပြီး လုံခြုံရေးအတွက် အသုံးပြုနေသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် တပ်မတော်အားပေးထောက်ခံသူများကို ဒီဇင်ဘာလ ပထမအပတ်ကစပြီး နေ့စားခပေး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးဆောင်ရွက်ရန်အတွက် အသုံးပြုနေကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး ၅ ယောက်ထက်မနည်း ငှားရမ်းထားပြီး တစ်ရက်လျှင် ကျပ် ၃၀၀၀၀ ပေးကာ လက်နက်နှင့် လက်ကိုင်တုတ်များလည်း ထုတ်ပေးထားရှိကြောင်း လူမှုကွန်ယက်တွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် တပ်တွင်းသတင်းအရင်းအမြစ်များ၏ ပြောကြားချက်များအရ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။ ပြည်ဖျက်မီဒီယာများသည် လူမှုကွန်ရက်များကိုအသုံးပြု၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာ ရေးသားဖြန့်ဝေ၍ လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။