Skip to main content

‌မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့များအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးခဲ့ဟု သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားသည့် တပ်မ(၄၄) လက်အောက်ခံ ခမရ(၃)တပ်မှ တပ်မတော်သားများအား ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အကြမ်းဖက်သမားများက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများအား ပြည်ဖျက်မီဒီယာ Khit Thit က ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်၌ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တပ်မတော်မှ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့မှုမရှိကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များအရ သိရှိရသည်။

ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ မဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများမှ ကြောက်ရွံ့မုန်းတီးလာပြီး ထောက်ပံ့မှုမရှိသည့်အတွက် ၎င်းတို့ရပ်တည်နိုင်ရေး အနောက်နိုင်ငံများအလိုကျ နိုင်ငံအတွင်း မငြိမ်မသက်ဖြစ်စေရန် မဟုတ်မမှန်သတင်းများ ရေးသားလှုံ့ဆော်ခြင်း၊ တိုက်ပွဲများအား ဇာတ်လမ်းဆင်၍ ရေးသားဖော်ပြခြင်းများကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။