Nov 14, 2023
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် "14th WORLD BODY BUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2023" "(၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ၂၀၂၃" တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း ခေါင်းဆောင်၍ အားကစားသမားနှစ်ဦးပါဝင်သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလ အားကစားအဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Nov 14, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 14, 2023
ဒီနေ့ ရှမ်းမြောက်ဘက်ရယ်၊ လွိုင်ကော်ဘက်၊ ရခိုင်ပြည်နယ်ဘက်၊ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ တာမိုးညဲအရှေ့မြောက်ဘက်လောက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာရှိပါတယ်။ သိန္နီအခြေအနေကတော့ သိန္နီမြို့မှာရှိနေတဲ့ ဌာနချုပ်အနေနဲ့ သိန္နီမြို့ထဲမှာ ပြန်လည်လုံခြုံမှုရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ လွိုင်ကော်မှာတော့ ဒီမနက် ၈ နာရီလောက်က KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တာရှိတယ်။
Nov 14, 2023
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်တွင် အရောင်းဆိုင်အချို့၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာမှုကြောင့် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminalများမှ ယင်းစက်သုံးဆီအရောင်းဆိုင်များသို့ နိုဝင်ဘာ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန်လေးသိန်းကျော်၊
Nov 14, 2023
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များအရ ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရန်၊ လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင် ထုတ်လွှတ်မှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရန်နှင့် ပြည်သူများ၏ ကောင်းမွန်သော ကျန်းမာရေးအတွက် လေထုလွှာညစ်ညမ်းမှုလျှော့ချနိုင်စေရန်၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရင်ပေါင်တန်းကာ ပြည်သူများလျှပ်စစ်သုံးယာဉ်များ အဆင်ပြေပြေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်သည့် သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ၁၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ လျှပ်စစ်သုံးယာဉ် (Electric Vehicle-EV) သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက်က အဆိုပါသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းထားမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 14, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Nov 14, 2023
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online, Mobile Payment ဖြင့် ပေးသွင်းခြင်းနှင့် အွန်လိုင်းကျောင်းဝင်မှတ်ပုံတင်ခြင်း (Online Registration) တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 14, 2023
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးကောင်းမျိုးသန့်လွှမ်းခြုံနိုင်စေရန် ဒေသအသီးသီးရှိ တောင်သူလယ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်သော သီးနှံမျိုးများ မျိုးစပ်မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများဖွံ့ဖြိုးလာရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် ကျင်းပသော တောင်သူများ ကိုယ်တိုင်ပါဝင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနား၌ ပြောကြားသည်။
Nov 14, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
Nov 14, 2023
အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ၅၃၇ သန်းရှိ၍ လူ ၁၀ ဦးတွင် တစ်ဦး ဆီးချိုရောဂါဖြစ်ပွားနေပြီး ဆီးချို၊ သွေးချိုဖြစ်ပွားနေသူ လူဦးရေတစ်ဝက်ခန့်သည် မိမိတွင်ဆီးချိုရောဂါဖြစ်နေသည်ကို မသိရှိကြပေ။ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရမှုသည် နှစ်စဉ်မြင့်မားလျက်ရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သေဆုံးမှုပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။
Nov 14, 2023
ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းသည် ကမ္ဘာ့နိုင်ငံများတွင်ရော မြန်မာနိုင်ငံ၌ပါ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ဆီးချို သွေးချိုရောဂါသည် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမဟုတ်သည့် နာတာရှည်ရောဂါမျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးသော ရောဂါများအနက် နံပါတ် ၇ နေရာသို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း လူ ၁၀၀ လျှင် ၁၀ ဒသမ ၅ ဦးခန့်ရှိနေရာ မြန်မာနိုင်ငံလူဦးရေအနက် လူ ၂ ဒသမ ၅ သန်းခန့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ခန့်မှန်းထားသည်။ ယင်းဖြစ်ပွားနှုန်းသည် အိမ်နီးချင်းနိုင်ငံများထက် ပိုမိုများပြားနေခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာများပိုမိုသိရှိရန်လိုအပ်ပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ဘဝနေထိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲကြရန်လည်း လိုအပ်သည်။
Nov 13, 2023
အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံအင်းတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Nov 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။
Nov 13, 2023
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။
Nov 13, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 13, 2023
မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
Nov 13, 2023
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂-၁၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၃-၁၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၁၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Nov 13, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ မှော်ဘီမြို့၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာတိုက်နယ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ တိုက်ကြီးမြို့တို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးသိုလှောင်ခန်းများ၊ ဆေးရုံအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းမှုများ၊ ဆေးရုံသုံးစက်ကိရိယာများ စနစ်တကျအသုံးပြုမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆေးရုံအတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
