Nov 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး၌ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီရုံး (မန္တလေးရုံးခွဲ) တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Nov 13, 2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အားကစားနည်းပြများနှင့် အားကစားသမားများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ကာ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
Nov 13, 2023
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်မှ သမိုင်းဝင်မန်းရွှေစက်တော်ဘုရားကြီးသို့ ပြီးခဲ့သည့်နှစ်ပွဲတော်ရာသီက ဘုရားဖူးဧည့်သည် ၄၈၈၇၇၃ ဦးအထိ ဝင်ရောက်ဖူးမြော်ခဲ့ကြကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
Nov 13, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအရေအတွက်မှာ ၅၄ ခုရှိပြီး လူသုံးကုန်ထုတ်လုပ်သည့် စွန့်ဦးတီထွင်လုပ်ငန်း လေးခုပါဝင်ကြောင်းသိရသည်။ အဆိုပါ စွန့်ဦးတီထွင်လုပ်ငန်းများအနက်မှ တာချီလိတ်မြို့နယ် ပါလျှံ (၃) ရပ်ကွက်ရှိ Honey ကျန်းမာခြင်းနှင့် အလှအပဆိုင်ရာ လူသုံးကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မနွယ်နွယ်ထွန်းနှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်။
Nov 13, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မြစ်ငယ်တံတားအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်သုံးစီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Golden Mountain ခရုဆီ ၃၉၀၀ ကီလိုဂရမ်၊ Snow Towel ကီလိုဂရမ် ၂၀၀၀၊ Air Compressor (မော်တာမပါ) အလုံး ၁၀၀၊ Lipo အားဖြည့်အချိုရည် ပုလင်း ၄၀၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၄၀၀၀၀၀၀) ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၈) မိုင် (၃) ဖာလုံ၌ ပိုင်ရှင်မဲ့စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Justus ဘီယာဘူး ၇၂၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၂၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 13, 2023
ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက်တို့သည် အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ဖော်ထုတ်ရရှိသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်နှင့် ငါးကြင်းစုစုပေါင်း ငါးမျိုးစုံပိဿာချိန် ၉၇၂၉ ကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကား ရောင်းချပေးခဲ့သည်။ အဆိုပါ ငါးကန်များမှ ငါးမျိုးစုံ ၁၂၀၆၃၄ ပိဿာကို ဖော်ထုတ်၍ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Nov 13, 2023
ပြည်သူများ အရည်အသွေးမီ စားသုံးဆီများ ဈေးနှုန်းချိုသာမှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် အရည်အသွေးမီ စားသုံးဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးသည်။
Nov 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိန်နန်းကျေးရွာရှိ ဒေသခံပြည်သူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့တွင် အဆိုပါ ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 13, 2023
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်သို့ သွားရောက်၍ မွေးမြူရေးဇုန် (၁) အတွင်း ငါးကန်များတူးဖော်ထားရှိမှု၊ ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးနေမှု နေဗီယာမြက်ခင်းစိုက်ပျိုးထားရှိမှု၊ Golden Gate Global Myanmar Pte. Co.,Ltd. မှ အသားစားကြက် (Hyline Brown) အမျိုးအစား မွေးမြူထားရှိမှု၊ ဦးဝင်းသီဟမောင်နှင့် ရွှေထူးမင်း ကုမ္ပဏီလီမိတက်တို့မှမွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံများနှင့် မွေးမြူရေးဇုန် (၂) ရော်ဘာခြံအတွင်း မြန်မာကြက်မွေးမြူနိုင်ရန် မြေနေရာဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Nov 13, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Nov 13, 2023
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ် တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစား ခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Nov 13, 2023
ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းအထိ ရှမ်းပြည်နယ် အရှေမြောက်ဘက်မှာ ကိုးကန့်ဒေသ ပါစင်ကျော်နားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ရှိပါတယ်၊ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခုကတော့
Nov 13, 2023
ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိတယ်။ အဓိကကတော့ အခြေခံအကြောင်း နှစ်ခုအပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာဖြစ်တယ်။ နံပါတ် (၁) ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းတွေ လျှော့တယ်ဆိုပြီး ထုတ်လွှင့်နေတာရှိတယ်။
Nov 13, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေးလျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ စနစ်တကျသွယ်တန်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပသော (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ-ကိုရီးယားပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ခရီးသွားလာရေးဝန်ကြီးများ၏ ကြားဖြတ်အွန်လိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
