နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်နှင့် ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၃/၂၀၂၃ (ဧရာဝတီ)၊ ၄၀/၂၀၂၃ (မွန်)၊ ၄၃/၂၀၂၃ (ရန်ကုန်)၊ ၅၀/၂၀၂၃ (ရန်ကုန်)၊ ၅၁/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်
