Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် AHH Napkins Pads အမျိုးသမီး လစဉ်သုံးပစ္စည်း ကီလိုဂရမ် ၁၆၀၇၊ JFRESH LED Panel Light မီးသီးအလုံး ၅၀၀၀ အပါအဝင်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၇၀၁၂၈) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Durasol Solar Inverter ၅၄ လုံး၊ Golden Life And S-Life Carpet ကော်ဇောစတုရန်း မီတာ ၁၀၀၀၀၊ 5 Ton Double Rail Hoist ကရိန်းနှစ်ခုအပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၈၆၀၀၀၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆေးဝါးများဖြစ်သည့် Conozole အရေပြားလိမ်းဆေး ၁၄၆ ဘူးနှင့် Hexicord TS ချက်ကြိုးအနာသက်သာ ဆေး ၆၀၅၂ ဘူးအပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၄၆၄၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၃၇၃၄၇၆၈ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၌ တရားမဝင်ခဲသတ္တု(အရိုင်း) ၁၆၃ ကီလိုဂရမ်၊ ချန်ချိုင်းအမျိုးအစား နှစ်လုံးထိုး အင်ဂျင် ၁၂ လုံးအပါအဝင် ဆက်စပ်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅၀၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာ စမုံဂလက်ရေပြင်၌ တရားမဝင် အခြားသစ် ၇ ဒသမ ၁၇၇ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇၆၆၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သားစက်လှေတစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၅၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ Honda Wave 100 မော်တော်ဆိုင်ကယ်တစ်စီး၊ Scoopy မော်တော်ဆိုင်ကယ်တစ်စီး၊ TACT Honda မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်တန်ဖိုးငွေကျပ် ၃၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၄၇၆၆၄၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းကင်း- ကြေးတောင်ဦးသွား ကားလမ်းအနီး၌ လိုင်စင်မဲ့ KENBO 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၃၅၈/၁)၊ (၃၆၉/၃) နှင့် (၃၇၂/၂) တို့၌ မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Bella သနပ်ခါးနှင့် ရှားစောင်းလက်ပပ် ဂျယ်ဘူး ၄၈၀၊ Cloth Printing Machine နှစ်ခု၊ Bee Sodium Cyclamate ကီလိုဂရမ် ၁၂၀၀၊ Itel Phone အလုံး ၁၉၀၊ Lebelage Ceramide Dera Ampoule အရေပြား အားဖြည့်ဆေးရည် ၁၀၈ ကီလိုဂရမ်၊ တရုတ်နိုင်ငံထုတ် Spring စပရိန် ကီလို ဂရမ် ၅၅၀၀၊ KESITU Solar Camping Light မီးသီး အလုံး ၅၈၀၊ Head Lamp ခေါင်းစွပ်ဓာတ်မီး(ကြိုးပါ) ၂၅၇၅ ကီလို ဂရမ်၊ ဆိုင်ကယ်အပိုပစ္စည်း GGG Spark Plug အခု ၄၀၀၀ အပါအဝင် ကုန်ပစ္စည်း ၇၄ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၅၅၉၂၇၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Mitsubishi Truck နှစ်စီးနှင့် Kaung Myat Sann Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၆၅၉၂၇၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၈၆၃ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၉၇၁၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၄၆၂၃၈၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်