Skip to main content

ဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအပေါ် လေးစားလိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသော တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (၁၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၄၉) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် အကျဉ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက အကျဉ်းဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လုံခြုံစွာထိန်းသိမ်းရေး၊ အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေး၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်နေသည့်နည်းတူ လုပ်ငန်းစဉ် (၈) ရပ်ဖြစ်သည့် လုံခြုံရေး၊ စည်းကမ်းစနစ်တကျရှိရေး၊ အကျဉ်းသားများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်းကျောင်း ပညာနှင့်စာပေပညာများ သင်ကြားပေးရေး၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းကမ်းစနစ်တကျရှိရေး၊ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရေး၊ စွမ်းဆောင်ရည် မြင့်မားစေရေး၊ သက်သာချောင်ချိရေးတို့တွင် လည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို “မူဝါဒ” အဖြစ် ခံယူပြီး ကျရာအခန်းကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကြိုးပမ်းဆောင်ရွက်

အကျဉ်းဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ကြင်နာမှုရှိပါ သို့သော် ရပ်တည်ချက်ခိုင်မြဲပါစေ” ဟူသော ဆောင်ပုဒ်နှင့်အညီ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံဆောင်ရွက်ရန်နှင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရသည့်ဌာနဖြစ်သည့်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပြည်သူလူထု အားကိုးယုံကြည်သော တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာန၏ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအပေါ် လေးစားလိုက်နာပြီး လုပ်ငန်းစွမ်းဆောင် ရည်ပြည့်ဝသော တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (၁၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို Clip ကို ပြသသည်။

ထောက်ပံ့ငွေများပေးအပ်

ဆက်လက်၍ လွိုင်ကော်အကျဉ်းထောင်မှ ရဲဗလတံဆိပ်ရရှိသူကိုးဦးကိုယ်စား ၎င်းတို့၏ဇနီးနှင့် မိသားစုဝင်များကို ဂုဏ်ပြုလက်မှတ် ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး (အပေါ်ပုံ) ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆုများပေးအပ်ချီးမြှင့်

ယင်းနောက် ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဝန်ထမ်းများနှင့် ဌာနပြင်ပသင်တန်းများတွင် စံပြထူးချွန်ဆု ရရှိသည့်ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက ဌာနပြင်ပသင်တန်းများတွင် စံပြထူးချွန်ဆုရရှိသူများနှင့် စစ်ရေးပြထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ဌာနပြင်ပသင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆု ရရှိသူ ဝန်ထမ်းများကိုလည်းကောင်း၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အုပ်ချုပ်မှုစွမ်းရည် အကောင်းဆုံးဆုရရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် သုံးခုကိုယ်စား ကိုယ်စားလှယ် သုံးဦးကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ ဇနီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်