Nov 16, 2023
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ လောက်ကိုင်နားလေးမှာရှိတဲ့ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ ပြီးရင်တော့ အမှတ်(၂၉၀) ခြေလျင်တပ်ရင်း တာမိုးညဲကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ တာမိုးညဲမှာတော့ မနက်ကတည်းက Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာ ရှိတယ်။
Nov 16, 2023
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၏ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် ဂျပန်အသင်းတို့သည် နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Panasonic Stadium Suita ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
Nov 16, 2023
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xue-chang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ) Ming Xiaoping (မြီရှောက် ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen (မြီကျိန်းကျိန်း) တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
Nov 16, 2023
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။
Nov 16, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16, 2023
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးမင်းသူ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Nov 16, 2023
ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပသည်။
Nov 16, 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
Nov 16, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Nov 16, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ဗိုလ်ချုပ်ဌေးဦး (ငြိမ်း) ပြည်ထောင်စုဝန်ကြီး (ငြိမ်း)-ဒေါ်နီနီဝင်းမိသားစုက အလှူငွေကျပ် ၂၇၈ဝဝဝဝ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် သီဟသုဓမ္မ မဏိဇောတဓရ ဆရာကြီးဦးတင်မောင်ထွေး (နတ်ရေကန်တင်မောင်ထွေး) တို့က အလှူငွေ ကျပ် ၁၀ သိန်းစီ၊ စာရေးဆရာမကြီး ရွှေကူ နန်းနွဲ့နွဲ့မိသားစု၊ ဦးဟန်သိန်း (သစ္စန) ၊ ဦးသန်းလှိုင်သစ် (မြန်မာ့အသံ) အား ရည်စူး၍ သမီး ဝါဝါ စုလှိုင်မိသားစု၊ ကွမ်းခြံကုန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံရွှေ (တင်မောင်ထက်-ကွမ်းခြံကုန်း)၊ ချောင်းဆုံမြို့နယ် စာရေးဆရာအသင်း၊ သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းနှင့် ကြို့ပင်ကောက်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ။ အောင်မျိုးသန့် (ကန့်ဘလူ)၊ ဦးထွန်းငွေ-ဒေါ်ခင်ဌေးမြင့် (သန်လျင်မြို့နယ်)၊ ဦးမြင့်အောင် (ဦးမြင့်အောင် - စစ်သည်ဟောင်း)၊ ကိုလတ်(အဏ္ဏဝါ) မြောက်ဥက္ကလာပမြို့နယ်၊ မုံရွာမြို့နယ်စာရေးဆရာအသင်းနှင့် မြန်အောင် မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ မဲခေါင်စာပေဆုရ ဦးဖေသန်း (နေမင်းသန်း)၊ မုံရွာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်စိုး (ရွှေရည်စိုး) နှင့် ဦးမြင့်အောင် (မြင့်အောင်-ရွှေဘိုသား) မုံရွာမြို့နယ်တို့က ငွေကျပ်သုံးသောင်းစီ၊ ဗိုလ်မှူးကြီးမြင့်သိန်း (ငြိမ်း)(မြင့်သိန်းအောင်)က ငွေကျပ်သုံးသိန်းတန်ဖိုးရှိစာအုပ်များ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်း သူ- ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
