ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဘားအံမြို့နယ်ရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လကာလနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ဘားအံမြို့၌ကျင်းပသည်။
အစည်းအဝေးသို့ ပြည်နယ်နှင့်မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့များ၊ အသင်းသားအသင်းသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း အတည်ပြုခြင်း၊ အမှုဆောင်အဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်ခြင်းများ ဆောင်ရွက်ကြပြီး အသင်းသား အသင်းသူများသို့ အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုး စုစုပေါင်းငွေကျပ်သိန်း ၁၂ ဒသမ ၂၆၅ ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
