Skip to main content

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင် မွေးကင်းစမှ ၅ နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင် မွေးကင်းစမှ ၅ နှစ်အထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကလေးငယ် ၃၁၆ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်(A)များ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည်။

အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်