Skip to main content

May 14, 2022

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အဖို့ ကဆုန်လပြည့်နေ့သည် ထူးခြားချက်လေးခုတို့နှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့တွင် ဗျာဒိတ်ခံယူခြင်း၊ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် ဘုရားလောင်းဖွားမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင် ပရိနိဗ္ဗာန်စံတော် မူခြင်းဟူသော အချက်လေးချက်ကို အကြောင်းပြု၍ ကဆုန်လပြည့်ကို ဗုဒ္ဓနေ့အဖြစ် ရိုသေလေးမြတ်စွာ သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

​​​​​​​မြန်မာတို့၏ ၁၂ လရာသီတွင် ကဆုန်လသည် အပူဆုံးလတစ်လဖြစ်သည်။ မြန်မာတို့၏ ဆိုရိုးစကားအရ တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်လောက်အောင် ပူပြင်းပါသည်။ အပူဆုံးလတွင် မြတ်ဗုဒ္ဓဂုဏ်တော်ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မြတ်ဗုဒ္ဓ၏ကိုယ်ပွား ပရိဘောဂစေတီထိုက်သော ဗောဓိပင်တွင် ရေစင်ရေအေး သွန်းလောင်းပေး၍ နှလုံးစိတ်ဝမ်းအေးချမ်းသာယာအောင် ဆောင်ကြဉ်း ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ သမဝါယမတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမသင်တန်း ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) နေပြည်တော်၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ဝန်ထမ်းမိသားစုများ၏သားသမီး ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း(အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Sports Training Center ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင် ရန်အတွက် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်သည် ယနေ့နံနက် ၇ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် အတွက် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့မှုများကို ယနေ့ညနေပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်