Skip to main content

May 15, 2022

(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနား (ပထမ)ပိုင်း မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်ရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော်၏အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးနှင့် ဒုဌာနမှူးများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေ ၁၃ ရက်ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သို့ရောက်ရှိကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ တောင်ငူမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည်ဝန်စည်များနှင့် ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့အလှကုန် ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၄၄၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်မှ ကာယဗလကီလိုတန်းအလိုက် ပြိုင်ပွဲများကို‌ မေ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆုတစ်ခု၊ ငွေတံဆိပ်ဆုနှစ်ခု၊‌ ကြေးတံဆိပ်ဆုတစ်ခု ဆွတ်ခူးရရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ်လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်နေသော ရန်ကုန်မြို့လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)က ကျင်းပသော မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တိပိဋကာလင်္ကာရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး (၄၁)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုပဋ္ဌာန်းသိမ်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက စေတီတော်မြတ်ကြီး ပရိဝုဏ်မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မစိုးရိမ်စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင်ဧည့် ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်မှ ၁၄ ရက်အတွင်း ကုမ္ပဏီခုနစ်ခု၊ ယာဉ်စီးရေ ၁၀ စီးဖြင့် PPE ဝတ်စုံ ၂၈၀၀၀ နှင့် နှာခေါင်းစည်း (Mask) ၄၈ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မဟာဗောဓိညောင်ပင်တည်ရှိသည့် ထီးသုံးလက်တောင်ကုန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်