May 14, 2022
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌
May 14, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း(အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Sports Training Center ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးကြသည်။
May 14, 2022
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင် ရန်အတွက် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်သည် ယနေ့နံနက် ၇ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာသွားသည်။
May 14, 2022
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် အတွက် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့မှုများကို ယနေ့ညနေပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
May 14, 2022
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အတွင်း ယနေ့ညနေပိုင်းတွင် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် မြသိန်းတန် ကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May 14, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 14, 2022
တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အချို့ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိ သည့် နိုင်ငံ့ဝန်ထမ်းများကို လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ ဝန်ထမ်းများအား လည်းကောင်း၊ ၎င်းတို့နှင့် အမြင် အယူအဆမတူသူ အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
May 14, 2022
(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို မေ ၁၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာနှင့်ထိုင်းအသင်း တစ်ဂိုးစီသရေကျ ခဲ့သည်။
May 14, 2022
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 13, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။