May 13, 2022
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် ပြုလျက်ရှိရာ ယခုအကြိမ်တွင် ၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ပြုလုပ်သည်။
May 13, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှစတင်၍ ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ ကျောင်းပြန်လည်တက်ရောက် လျက်ရှိကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၃-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
May 13, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
May 13, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်ရှိ အင်းပြင်ပျိုးဥယျာဉ် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 13, 2022
“၂၀၂၁-၂၀၂၂ Mini Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
May 13, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် ကိုယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 13, 2022
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရတနာခန်းမ၌ ကျင်းပသည်။
May 13, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပသည်။
May 13, 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့အစည်းများမှ သံဃာတော်များအား အကြမ်းဖက်သတ်ဖြတ်မှုများ နေပြည်တော် မေ ၁၃
May 13, 2022
ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် နိုင်ငံသားများ ပညာရည်မြင့်မားရန် လိုသည်။ ဒီမိုကရေစီ နိုင်ငံသားကောင်းတစ်ဦးသည် အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင် ချင့်ချိန်နိုင်သည့် စွမ်းရည်ဉာဏ်အမြော်အမြင်တို့နှင့် ပြည့်စုံရန်၊ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ မိမိဒေသနှင့် အများပြည်သူ၏ အကျိုးစီးပွား၊ မိမိအတွက် အကျိုးစီးပွားတို့ နှိုင်းယှဉ်လာပါက မိမိ၏အကျိုးစီးပွားကို ဦးစားမပေးရန်၊ လူမှုရေးရာပြဿနာများကို မှန်ကန်စွာ နားလည်နိုင်စွမ်းနှင့် အမြော်အမြင်ရှိရှိ ဖြေရှင်းနိုင်စွမ်းရှိရန်၊ ရိုးသားဖြောင့်မတ်ရန်နှင့် ဆင်ခြင်တုံတရားနှင့် ပြည့်စုံရန်တို့ လိုအပ်သည်။ ထို့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် တာဝန်ယူလိုမှုနှင့် အလုပ်အကျွေးပြုလိုမှုတို့လည်း လိုအပ်သည်။