Skip to main content

Sep 30, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ ပြည်သူအများစုမှာ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များဖြင့် အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ အဆင်ပြေအောင် ဆောင်ရွက်ကြသည်။ စားသောက်ကုန် သီးနှံများမှာ မြန်မာနိုင်ငံတွင် လောက်ငဖူလုံ ပိုလျှံသဖြင့် ပြည်ပသို့လည်း တင်ပို့နိုင်သည်။ စိုက်ပျိုးရန် ရေ၊မြေနှင့် စိုက်ပျိုးစွမ်းအားများ ရှိသဖြင့် စားသောက်ကုန် သီးနှံများသာမက စက်မှုကုန်ကြမ်း သီးနှံများကိုလည်း တိုးတက် စိုက်ပျိုးထုတ်လုပ် ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2022

လာမည့် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့၏ ဆောင်ပုဒ်မှာ “သက်ကြီး အမျိုးသမီးများရဲ့ စွမ်းပကား တို့များအလေးထား” (The Resilience and Contributions of Older Women) ဟူ၍ ဖြစ်သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူ့အဖွဲ့အစည်း များတွင် ထိခိုက်ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ရာ သက်ကြီးရွယ်အိုများ၏ ရှင်သန်နေထိုင်မှုတွင် လည်း ဆိုးရွားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ အထူးသဖြင့် အမျိုးသမီးသက်ကြီး ရွယ်အိုများ အပေါ်တွင် ပိုမို၍ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး စက်မှုဇုန် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယ ဥက္ကဋ္ဌ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဒုတိယ ဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရုံးသစ်များ ဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို  လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပြ ဆောင်ရွက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2022

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်