Sep 04, 2022
ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးသွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့် ကာလအတွင်း နှစ်နှစ်ကျော်ခန့်ကြာမြင့်အောင် အလုပ်သမားများ စေလွှတ်မှုကို ရပ်နားထားခဲ့ရသည်။ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU စနစ်ဖြင့် ထိုင်းသို့ လုပ်သားစေလွှတ်မှုကို ယခုနှစ်မေလအတွင်း ပြန်လည်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ၏ လုပ်သားပို့ဆောင်မှုများ အရှိန်ရလျက်ရှိသည်။
Sep 03, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 03, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 03, 2022
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်တို့အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိသကဲ့သို့ နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေမည့် မူဝါဒများဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြားသည်။
Sep 03, 2022
မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်တို့ကို ဓာတ်အားဖြန့်ဖြူးပေးထား သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ 33/6.6kV ကနေဒီ ဓာတ်အားခွဲရုံအား 66/33/6.6kV ဓာတ်အားခွဲရုံကြီးအဖြစ်အဆင့်မြှင့်တင် နိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Sep 03, 2022
နေပြည်တော် ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီသည့် ခေတ်မီဥယျာဉ်ကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
Sep 03, 2022
မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်း မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၀၇)
Sep 03, 2022
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ရန်ကုန် တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများမှ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
Sep 03, 2022
၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ၍ ပထမတံခွန်စိုက် ဒိုင်းဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။