Skip to main content

Apr 10, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ကာဇက်စတန်နိုင်ငံ သမ္မတ H.E. Mr. Kassym-omart Tokayev က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ညီလောက်စီအား စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ အဆိုပါအငှားတိုက်ခန်း၊ အခန်းအမှတ်(၁၇)နေ ဆိုင်ကပ်အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂၄ ဂရမ်၊ Happy Water ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၂၅၀ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းအငှားတိုက်ခန်း အခန်းအမှတ်(၅)နေ စည်သူဖြိုးအား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြား၊ HONDA CRV မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂,၈၅၁ ဒသမ ၇၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၁,၄၀၀ ပြား (တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေသိန်း ၂,၈၀၉ ဒသမ ၈ သိန်း)၊ အဆင့်နိမ့်ဘိန်း ၂၆၀ ဂရမ် (တစ်ဂရမ်လျှင် ငွေ ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁ ဒသမ ၀၄ သိန်း)၊ ကက်တမင်း ၂၄ ဂရမ် (တစ်ဂရမ်လျှင် ငွေ ၁၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂ ဒသမ ၄ သိန်း) နှင့် Happy Water ၃၅ ဂရမ်(တစ်ဂရမ်လျှင် ငွေ ၁၁၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၈ ဒသမ ၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ညီလောက်စီ(၃၂)နှစ်၊ ဆိုင်ကပ်(၃၉)နှစ်နှင့် စည်သူဖြိုး(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများအား ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) နှင့် ဘိလပ်မြေစက်ရုံ (ပြည်ညောင်) တို့မှ စက်ရုံအထိုင်ဈေးဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ရောင်းချပေးမည်ဖြစ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များက မှာယူသည့် ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို ဧပြီ ၈ ရက်မှစတင်ပြီး သက်ဆိုင်ရာဘိလပ်မြေစက်ရုံများမှ အထူးအစီအစဉ်ဖြင့် ပို့ဆောင်လျက်ရှိကြောင်းနှင့် အလားတူပြည်တွင်းရှိ အခြားဘိလပ်မြေစက်ရုံများမှလည်း ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များ ပြီးဆုံးသဖြင့် တရုတ်နိုင်ငံမှ Y-20 အမျိုးအစားလေယာဉ်လေးစင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် ​ဇေယျာသီရိမြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များနှင့် ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်အခြေခံ၍ နီပေါနှင့် မြန်မာနိုင်ငံတို့သည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် တရားဝင်သံတမန်ဆက်သွယ်မှုကို ထူထောင်ပြီးချိန်မှစတင်၍ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ၏ ခရီးစဉ်များနှင့် အပြန်အလှန်သွားရောက်လည်ပတ်မှုများသည် မိမိတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ပါသည်။ မိမိအနေဖြင့် နီပေါ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း မိမိတို့အပေါ် နွေးထွေးသည့် ဧည့်ဝတ်ပျူငှာမှုတို့အား ကောင်းမွန်စွာပြန်ပြောင်းသတိရမိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ လူဝစ်အင်နာစီအို လူလာဒါစီးလ်ဗားကလည်းကောင်း၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ရန်အောင်မြင်ဆည်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် ယာယီဆေးရုံရှိလူနာများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။                   

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ပူးတွဲသုတေသနအဆိုပြုစီမံကိန်းများအတွက် တရုတ်-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး မစ္စတာ အူလာဇမီယာဘာရာဗီကူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုများ၊ ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား ၇၀၀၀ ကျော်ခန့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ A.V. Alexandrov Acadamic Song and Dance Ensemble of the Army အဖွဲ့၏ ဖျော်ဖြေပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

ဒီနေ့ဟာ နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်တယ်။ တစ်နည်းအားဖြင့် တပ်မတော်ဟာ သူတစ်ပါးဩဇာခံဘဝကနေ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အမျိုးသားတပ်မတော်အဖြစ် ကူးပြောင်းခဲ့တာကို ကမ္ပည်းမော်ကွန်းတင်ခဲ့တဲ့နေ့ဖြစ်သလို နိုင်ငံ့လွတ်လပ်ရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသားပြည်သူတွေ လက်တွဲပြီး ဖက်ဆစ်ဝါဒီတွေကို စတင်တွန်းလှန်မောင်းထုတ်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ မျက်မှောက်ခေတ်နိုင်ငံတော် ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ တစ်သားတည်းဆက်စပ်နေတာကြောင့် နှစ်(၈၀)ပြည့်မြောက်တဲ့ ဒီနေ့ဟာဒို့တပ်မတော်အတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ဖြစ်လို့ ဒီလိုသမိုင်းဝင်နေ့ထူးနေ့မြတ်မှာ ရဲဘော်တို့ကို သိသင့်သိထိုက်တာတွေ အလေးထားမှာကြားသွားမှာဖြစ်တယ်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

“နိုင်ငံရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို အမှန်တကယ်လျှောက်လှမ်းမည်ဆိုပါက နိုင်ငံရေးအကြောင်းကို သိရှိနားလည်သူများဖြစ်ရန်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာပေါကြွယ်ဝရန်လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်သွားရမည်ကို စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း”မတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 28, 2025

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းသိပြည်သိ ကမ္ဘာသိ အကြိမ်ကြိမ်ထုတ်ဖော် ပြောကြားချက်များနှင့်အတူ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်အချို့ကောက်ယူရန် ကျန်ရှိနေသည်။ ကောက်ယူရရှိသည့် စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ် နှင့်အထက် လူဦးရေစာရင်းမှာ ကောက်ယူရရှိပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2025

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြမည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂ ဦး နှင့် တတိယအဆင့် ၁ ဦး စုစုပေါင်း ၃ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်