Skip to main content

Apr 13, 2025

နေပြည်တော် ဧပြီ ၁၃ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးပို့လျက်ရှိရာ ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိသော စင်္ကာပူနိုင်ငံမှ ဘီစကစ်များ၊ ရေသန့်များ၊ အိမ်သုံးဆေးများ၊ စုစုပေါင်း ၁၉၇ kg ကိုလည်းကောင်း၊ မလေးရှားနိုင်ငံမှပေးပို့သော အဝတ်အထည်များ၊ အစားအစာများ၊ စုစုပေါင်း ၄၇၃၄ kg ကိုလည်းကောင်း ယနေ့တွင်ရောက်ရှိသော တရုတ်နိုင်ငံ (ကူမင်း)မြို့မှပေးပို့သော မိုးကာတဲများ၊ Sleeping Bus များ၊ စုစုပေါင်း ၇၇၃၀ kg ကိုလည်းကောင်း၊ တရုတ်နိုင်ငံ (နန်နင်း)မြို့မှပေးပို့သော ဆေးဝါးများ၊ အဝတ်အထည်များ၊ ခြင်ထောင်များ၊ စုစုပေါင်း ၂၆၂၈ kg တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကာ မော်တော်ယာဉ်များပေါ်သို့တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်ရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော ဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ C-130 အမျိုးအစား လေယာဉ်နှစ်စင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများ အပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ ကြသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ငလျင်ဒဏ်ကြောင့် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်များ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မတ် ၂၈ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြေငလျင်လှုပ်ခတ်၍ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျပျက်စီးမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသော မြန်မာအလုပ်သမားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဧပြီ ၉ ရက်တွင် သွားရောက် အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့်ကျန်းမာရေး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန်အတွက် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန် လျာထားသောနေရာများဖြစ်သည့် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအဆောက်အအုံဝန်းကျင်ရှိ နေရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးရုံ ဝန်ထမ်း အိမ်ရာများအနီးရှိ မြေကွက်လပ်များနှင့် တိုင်းရင်းဆေးဂိုထောင်အနီးရှိ မြေကွက်လပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းပိုင်မြေနေရာကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ မြေကွက်လပ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧပြီ ၁၁ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ Polytechnic Institute ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် လက်ရှိ Industry များတွင် ဆောင်ရွက်လျက်ရှိသည့် ကျွမ်းကျင်မှုဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ကိုက်ညီမှုရှိစေရန် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားနိုင်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်အလိုက် လိုအပ်ချက် များအပေါ်သိရှိနိုင်ရန်အတွက် ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနရုံးများနှင့် ဌာနပိုင်အဆောက်အအုံများ၊ ဝန်ထမ်းနေအိမ်များကို အဖွဲ့များခွဲ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေးစိစစ်တင်ပြကြရန်နှင့် အရေးပေါ်ပြင်ဆင်ရမည့် ဝန်ထမ်းနေအိမ်များကို သက်ဆိုင်ရာရုံးချုပ်များ၏ အတည်ပြုချက်ဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေးစီမံရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

မတ် ၂၈ ရက်က မန္တလေး ငလျင်ဒဏ်ခံစားခဲ့ရသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအတွက် ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမိသားစုနှင့် အလှူရှင်များ ကလှူဒါန်းထားသည့်အလှူငွေကျပ် ၁၄၁၀၀၀၀၀ဝ အမျိုးသမီးအသုံးအဆောင် ပစ္စည်း၂ ၁ မျိုး၊ စားသုံးဆီ၊ ဆန်၊ ဒန်အိုး၊ စတီး ပန်းကန်၊ စတီးဇွန်း၊ ရေဇလုံ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ရေသန့်ကတ်များ ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ တာဝန်ရှိသူများသို့ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများနှင့်အတူ ငလျင် ဒဏ်ကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားသည့် ဝန်ထမ်းများယာယီနေထိုင်နိုင်ရေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စိုက်ပျိုးရေးခြံအတွင်းယာယီ အဆောက်အအုံများ တည်ဆောက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် လှည့်ရှုကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ခြံအမှတ် အေ-၅ ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှု ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများ ယာယီနေရာချထားရေး နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကူးတို့ခရီးလမ်းနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေပြည်တော် - မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းနေရာများ၊ ပြိုကျပျက်စီးသွားသည့် ရထားဘူတာများနှင့် စမုံဘူတာနှင့် သပြေတောင်းဘူတာအကြားရှိ တံတားအမှတ်- ၆၉၁ (စမုံတံတား) ပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ ဧပြီ ၁၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

​​​​​​​ယနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက်နေ့မှ ၄ ရက်နေ့(၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့)အထိသည် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလဖြစ်သည်။ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရှေးအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း နိုင်ငံတစ်ဝန်းလုံး၌ ပျော်ရွှင်စွာကျင်းပလေ့ရှိသည်။ သို့သော် ယခု ၁၃၈၆ ခုနှစ် သင်္ကြန်ပွဲတော်တွင်မူ ယခင်နှစ်များနှင့်မတူ သတိပြုဆင်ခြင် ကျင်းပရမည့် အခြေအနေများရှိနေသည်ကို သတိမူရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2025

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန်(၁၂)နာရီ၊ (၅၁)မိနစ်၊ (၀၂) စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၇.၇) ဖြင့် လှုပ်ရှားခဲ့သော မေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်များ တင်ပြခြင်း

ဆက်လက်ဖတ်ရှုရန်