နေပြည်တော် အောက်တိုဘာ ၂၂
ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သံအမတ်ကြီး ဦးစိန်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အီစတာနာနန်းတော်၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင်ဝါဒိုလာ အဗ်နီအယ်လ်မာဟွန် ဆူလ်တန်ဟာဂျီအိုမာအလီ ဆိုင်ဖူဒင် ဆအာဒူလ်ခိုင်ရီဝါဒင်ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
သတင်းစဉ်
