Oct 31, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အားပေးကူညီလျက်ရှိသော လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်၍ ပြည်တွင်း/ပြည်ပမှ အစွန်းရောက် အကြမ်းဖက်ထောက်ခံသူများထံမှ ငွေကြေးများကောက်ခံကာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား အကြမ်းဖက်အဖွဲ့များထံသို့ နည်းမျိုးစုံသုံး၍
Oct 31, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အစွန်းရောက် NLD ပါတီဝင်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 31, 2022
၁၂-၁၀-၂၀၂၂ ရက်နေ့ (၁၀:၄၀)အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF (၁၂)ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
Oct 31, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 31, 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၁၀၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးအဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။
Oct 31, 2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ” ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Oct 31, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 31, 2022
ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ပါ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်(၁၃)သန်းကျော်အား နည်းပညာအသုံးပြု၍ ရုံးချုပ် Server သို့ ထည့်သွင်းကာ ဆိုက်ဘာလုံခြုံရေးအစီအမံများဖြင့် ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
Oct 31, 2022
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား သွားရောက်တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Oct 31, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် နေကြာမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။