Skip to main content

Mar 26, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ “တားဆီးနှောင့်ယှက်မှုများကြားမှ ပွင့်လန်းလာတဲ့ ပန်းကလေးများ” ခေါင်းစဉ်ဖြင့် မတ် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို အဓမ္မဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

မွန်ပြည်နယ် သမဝါယမဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍအတွင်း နွေစပါးများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ပေါင်မြို့နယ်အတွင်း သမဝါယမအသင်းများရှိ အသင်းသားတောင်သူများ၏ လယ်ယာမြေစိုက်ပျိုးဧက ၆၇၅ ဧကပေါ်တွင် ရတနာတိုး၊ ECO၊ ဟော်တယ်၊ တောင်ပျံစသည့် စပါးများစိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။       

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းမြေအောက်တမံနှင့် နတ်ရွာကျေးရွာအနီး ဆည်ရိုးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

နယ်စပ်‌ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တပ်ကြီး-ကံလှ ကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်းသုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် ဖိလစ်ပိုင်နိုင်ငံသား ၁၇၆ ဦး၊ မလေးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသားလေးဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦးတို့ကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၈ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများ၌ ဖွင့်လှစ်လျက်ရှိသော ဆရာ ဆရာမများ မွမ်းမံသင်တန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုအစီအစဉ်များကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ တာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်း- ရွေးစုကျေးရွာ ချင်းဆက်လမ်းနှင့် ရွှေဥဒေါင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းဖွင့်ပွဲနေရာများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Trans- shipment) လုပ်ငန်းစဉ်စတင်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ Asia World Port Terminal (AWPT) ဆိပ်ကမ်းတံတား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ မတ် ၂၅ ရက်တွင် ကျင်းပသည့် ဒုတိယနေ့ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပါဝင်တက်ရောက် ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်၌ လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကိုင်ရိုမြို့ ဟေလီယိုပိုးလစ်ရှိ သမ္မတအိမ်တော်၌ အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အက်(ဘ်)ဒယ် ဖာတာအယ်လ်စီစီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။   

ဆက်လက်ဖတ်ရှုရန်