Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ်အက်ဘ်ဒူလာ အမ်အေအယ်လ်ကူဝါရီအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ထမ်းဆောင်မှုကာလပြီးဆုံး၍ မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာတော့မည့် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်အေအယ်လ်ကူဝါရီအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်