Apr 12, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယာယီနေရာချထားရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုများအား ယနေ့တွေ့ဆုံအားပေးစကား ပြောကြားသည်။
Apr 12, 2025
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားပြိုင်ကွင်းအတွင်းရှိ ပရိသတ် ၂၀၀၀ ဆံ့ ဘက်စုံသုံး အားကစားရုံသို့ရောက်ရှိပြီး မန္တလာသီရိ ပင်မအားကစားကွင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို အားပေးစကား ပြောကြားကာ တစ်ဦးချင်း ထောက်ပံ့ငွေများပေးအပ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဘက်စုံသုံးအားကစားရုံမှန်များနှင့် နံရံကွဲအက်မှုများ၊ လက်ဝှေ့အားကစားရုံ နံရံကွဲအက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မှာကြားသည်။
Apr 12, 2025
အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် တရုတ်နိုင်ငံ CITIC Myanmar Company ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး၊ Myanmar Jiangxi General Chamber of Commerce အဖွဲ့၊ Myanmar Airways International Company Limited၊ တော်ဝင်ညီညွတ်သော အိမ်ခြံမြေအကျိုးဆောင်အသင်းနှင့် Mega Lifesciences Limited တို့မှ ဧပြီ ၉ ရက်က ငွေကြေး၊ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ ယာယီလူနေခန်းများတွင် နေထိုင်မည့် ဝန်ထမ်းမိသားစုများ ရေအသုံးပြုနိုင်ရန်အတွက် Good Brother Company Limited မှ ရေစက်လေးလုံးနှင့် Best Oil Company မှ ငွေကျပ်သိန်း ၅၀၀ အား လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Apr 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး ကဏ္ဍများအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ် နံနက် / ညနေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာဂူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းကဏ္ဍများသာ ပါဝင်မည်ဖြစ်သည်။
Apr 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများ ကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
Apr 12, 2025
“သမဂ္ဂါနံ တပေါ သုခေါ” ဆိုသည့် ပါဠိစကားသည် သမဂ္ဂါနံ - ညီညွတ်သော သူတို့၏ တပေါ - အကျင့်သည် သုခေါ - ချမ်းသာခြင်းဟု အဓိပ္ပာယ်ရသည်။ “စည်းလုံးညီညာလျှင် အောင်မြင်မည်” ဆိုသည်နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူအများသည် အကြောင်းကိစ္စတစ်ခုကို စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲဆောင်ရွက်ကြပါက အောင်မြင်မှုကိုရနိုင်သည်။ ချမ်းသာသုခကို ရရှိနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤပါဠိတော်လာ ဆိုရိုးစကားသည် စည်းလုံးညီညွတ်မှု၏ အရေးပါသော လေးနက်မှုကိုဖော်ပြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် စည်းလုံးညီညွတ်မှုသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။
Apr 12, 2025
မြန်မာသက္ကရာဇ်အရ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ကျရောက်လာတော့မည်ဖြစ်သည်။ သင်္ကြန်ဟူသော မြန်မာဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတပုဒ်၊ “သင်္ကန္တ” ဟူသောပါဠိပုဒ်တို့မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆကြပြီး အနက်အဓိပ္ပာယ်အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟူ၍ ဖြစ်သည်။
Apr 11, 2025
အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
Apr 11, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Apr 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Yasmine Praz Dessimoz နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Regis Savioz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 11, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် ဧပြီ ၁၀ ရက်အထိ သေဆုံးသူ ၃၆၀၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၄၁ ဦး ရှိသည်။
Apr 11, 2025
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလိုဂရမ် တင်ဆောင်လာသော A-330 အမျိုးအစားလေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိကြသည်။
Apr 11, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်း လိုင်းမှ လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း ၆၅ ထုပ်၊ ၂၄၈၆၀ kgကို တင်ဆောင်၍ ရောက်ရှိလာသည်။
Apr 11, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၃၂ ဦး၊ ကာဇက်စတန်နိုင်ငံသားလေးဦး၊ ကာဂျစ္စတန်နိုင်ငံသား ရှစ်ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသားနှစ်ဦးနှင့် ရုရှားနိုင်ငံသား တစ်ဦး စုစုပေါင်း ၄၇ ဦးတို့ကို ယနေ့တွင် မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။
Apr 11, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Apr 11, 2025
နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တရေဝတထံ ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီနှင့် ဆန်၊ ဆီ၊ သကြား စသည့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။
Apr 11, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့်ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၁၂ ရက်မြောက်နေ့အဖြစ် ဈေးကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။
Apr 11, 2025
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
Apr 11, 2025
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
Apr 11, 2025
မတ် ၂၈ ရက်တွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းပိုင်းနှင့် တံတားအချို့ပျက်စီးခဲ့မှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားများ၊ ကုန်သေတ္တာရထားများကို ဧပြီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ပြီးဖြစ်သည်။ ယခုအခါ ရထားလမ်းပိုင်းပိုမိုတောင့်တင်းကြံ့ခိုင်စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရွာပုလဲဘူတာနှင့် ဟံဇားဘူတာကြား၊ ညောင်လွန့်ဘူတာနှင့် မန်ကျည်းပင်ဘူတာကြား၊ ဖြူးဘူတာနှင့် ညောင်ပင်သာဘူတာများအကြားတွင် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးညှိခြင်းများကို All TM စက်ယန္တရားကြီးများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။
