Apr 11, 2025
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များဖြင့် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (APJG) မျက်နှာချင်းဆိုင်အစည်းအဝေးတက်ရောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။
Apr 11, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့အတွင်း မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ်များသို့ သွားရောက်၍ ဟိုတယ်အဆောက်အအုံများအတွင်းအပြင် ပြိုကျပျက်စီးနေမှုအခြေအနေများ၊ ပျက်စီးမှုများကို ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံအားပေးကာ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို လမ်းများပိတ်ဆို့မှုမရှိအောင် အမြန်ရှင်းလင်းဖယ်ရှားကြရန်၊ အပျက်အစီးများကို ဖယ်ရှားခြင်း၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားသည်။
Apr 11, 2025
ဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် ခြံအမှတ် အေ-၅ ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
Apr 11, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ယာယီနေရပ်စွန့်ခွာ၍ တွဲဖက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 11, 2025
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ မန္တလေးတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ယနေ့တွင် သက်ဆိုင်ရာဒေသရုံးများ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
Apr 11, 2025
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် နိုင်ငံရေးပါတီ ၂၅ ပါတီက စုပေါင်း၍ အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ လှူဒါန်းသည့် နိုင်ငံရေးပါတီ ၂၅ ပါတီမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Apr 11, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့မွန်းလွဲပိုင်းက ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 11, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီအား ယနေ့နံနက် ၁၁ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 11, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများနေထိုင်နိုင်ရန် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်နေမှုနှင့် ဝင်ရောက်နေထိုင်မှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) သို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်သင့်လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။
Apr 11, 2025
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေးငလျင်ဒဏ်သင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် အားပေးစကားပြောကြားခြင်းတို့ကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ပြုလုပ်သည်။
Apr 11, 2025
ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Apr 11, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ဝန်ကြီးဌာနအောက်ရှိ ဌာန၊ လုပ်ငန်းရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။
Apr 11, 2025
ပြန်ကြားရေးဝန်ကြီးဌာနရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် အောင်ပန်းမြို့အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကလောမြို့ သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
Apr 11, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသော အစားအသောက်များနှင့် ထောက်ပံ့ငွေများကို ဦးစီးဌာနအလိုက် ပြန်လည်ဖြန့်ဝေပေးအပ်သည်။
Apr 11, 2025
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားသည်။
Apr 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Apr 10, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Apr 10, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၃၂ ဦး၊ ကာဇက်စတန်နိုင်ငံသား ၄ ဦး၊ ကာဂျစ္စတန်နိုင်ငံသား ၈ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၂ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦး စုစုပေါင်း ၄၇ ဦးတို့ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။
