Dec 29, 2020
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မလေးရှား နိုင်ငံက N95 နှာခေါင်းစည်းအရေ အတွက် ၂၀၀၀၀ ကို ပထမအသုတ် အဖြစ် ပေးအပ်လှူဒါန်းခြင်း အခမ်း အနားကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၃ နာရီ တွင် ကျင်းပသည်။
Dec 29, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့တွင် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ နှင့်အတူ အရှေ့အနောက် စီးပွားစင်္ကြံန် လမ်းမပေါ်တွင် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်နေသော အိန္ဒု- ကော့ကရိတ်လမ်း စီမံကိန်းလုပ်ငန်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ Project Management Unit မှ အင်ဂျင်နီယာချုပ် ဦးအောင်မျိုးဦးက အကျဉ်းချုပ်ရှင်းလင်းပြီး တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများ၊ ကြုံတွေ့ရ သော အခက်အခဲများကို ရှင်းလင်း တင်ပြကြသည်။
Dec 29, 2020
နေပြည်တော်၌ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို နေရာနှစ်နေရာခွဲ၍ ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ကြောင်းသိရသည်။
Dec 29, 2020
(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Dec 29, 2020
“နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ်တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုအသက်မွေး ပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျီတီအိုင်ပညာရေး (၁၂၅) နှစ်ပြည့်အထိမ်း အမှတ်ဖွင့်ပွဲတွင် ဗီဒီယိုဖြင့် ဂုဏ်ပြု ဝမ်းမြောက်စကားပြောကြားခဲ့သည်။
Dec 29, 2020
ကိုဗစ်ရောဂါနှင့်အတူ တွဲလျက်လိုက်ပါလာသည့် အကျိုးဆက်များက လက်တွေ့ဘဝများတွင် မရေမတွက်နိုင်လောက်အောင်ပင် အများအပြား ရှိနေပေသည်။ အဆိုပါ ကမ္ဘာလှည့် ကပ်ရောဂါကြီးသည် နိုင်ငံတကာ ပြည်သူလူထုထံ ကျန်းမာရေးဆိုင်ရာ ဝေဒနာများသာမက စီးပွားရေးရာ၊ လူမှုရေးရာ အစရှိသည့် အထွေထွေအကျပ်အတည်းများကိုပါ သယ်ဆောင်လာခဲ့ သည်။
Dec 28, 2020
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။
Dec 28, 2020
အားကစားကွင်းနှင့် အားကစားရုံတည်ဆောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ ကို နှစ်ပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 28, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ Public-Private Partnership နှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်း စနစ်ဖြင့် ကျင်းပ သည်။
Dec 28, 2020
အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာကြီးကြပ်ညှိနှိုင်းရေး ကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 28, 2020
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Dec 28, 2020
ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်း စာစောင်များ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 28, 2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။
Dec 28, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တဲလ်အဗီးမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ် ရေးလေယာဉ်တွင် Jerash ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၂)ဦး၊ Rich Pine ကုမ္ပဏီမှ (၁၇)ဦး၊ Century Miracle ကုမ္ပဏီမှ (၃၁)ဦး နှင့် Camel and Vega ကုမ္ပဏီမှ (၁၂၀)၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၂)ဦး လိုက်ပါခဲ့ကြသည်။
Dec 28, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် လာမည့်နွေရာသီ ကာလ ရေပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနဦးစီးမှူးများနှင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 28, 2020
(၂၇-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးရာတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၀၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 28, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Dec 28, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေကြရသည့် မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုရှိ ပြည်သူ(၆၀၂၇၂)ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၀၀)တန်အား လှူဒါန်းပေးအပ်ကြောင်း သိရှိရသည်။
Dec 28, 2020
“စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ အသိပညာပေး ဆွေးနွေးပွဲ အပိုင်း ၃ – Copyright and Contracts Webinar: Episode 3” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 28, 2020
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လူ့အခွင့်အရေး အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူ သင်တန်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Rights For Life က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပ အထွထွေရောဂါ ကုနှင့် သင်ကြားရေးဆေးရုံးကြီးသို့ သွားရောက် လှူဒါန်းသည်။
