တာချီလိတ် ဖေဖော်ဝါရီ ၁၇
တာချီလိတ်မြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ယနေ့နံနက်ပိုင်းက မြန်မာတာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြသည်။
လွှဲပြောင်းပေးသော ရွှေ့ပြောင်း မြန်မာအလုပ်သမားအမျိုးသား ၂၆ ဦး၊ အမျိုးသမီး၂၆ ဦးနှင့် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြေအရာရှိ ခရိုင်ရုံးမှ ဦးထွန်းတို့က ပြန်လည်ပို့ဆောင်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြသည်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်စေ့သူများကို တပ်မတော် ဆေးတပ်ဖွဲ့မှ RDT (Test kit) ဖြင့် စနစ်တကျ စစ်ဆေးခဲ့ပြီး ဆေးထောက်ခံချက်လက်မှတ်များကို ထုတ်ပေးခဲ့ကြသည်။
ယနေ့ ဝင်ရောက်လာကြသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လူမှုကရုဏာ လူမှုကူညီရေးအသင်းမှ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ပြီး ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာချီလိတ်မြို့ စေတနာ့ဝန်ထမ်း များက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပို့ဆောင်ရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည်။
လွှဲပြောင်းပေးလာသူများကို ဌာနဆိုင်ရာများက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စာရင်းများ ကောက်ယူပြီး မိမိနေရပ်သို့ပြန်နိုင်ရေး မော်တော်ယာဉ်များ စီစဉ်ပေးကာ ပို့ဆောင်ပေးခဲ့ကြောင်း၊ တာချီလိတ် ဒေသခံများကို အသွားအလာ ကန့်သတ်သည့် စင်တာတွင် ၁၄ ရက် ထားရှိမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရသည်။
ယာဆေး(ပြန်/ဆက်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025