Skip to main content

ချမ်းအေးသာစံမြို့နယ်၊ ၇၈ x ၇၉ လမ်းကြား၊ ၃၄ လမ်းအနီးရှိ မီးရထားသံလမ်းများ ပေါ်တွင် အတားအဆီးများပိတ်ဆို့၍ ဆူပူလှုံ့ဆော်ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက လူစုခွဲခြင်း များဆောင်ရွက်ခဲ့ရ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဆူပူလှုံ့ဆော်ဆန္ဒပြသူများအနေဖြင့် အစိုးရလုပ်ငန်းယန္တရား လည်ပတ်မှုကို အနှောင့် အယှက်ဖြစ် စေရန် လမ်းကြောင်းပိတ်ဆို့ခြင်းများ၊ ပုံမှန် လုပ်ငန်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း များကို နှောင့်ယှက်ခြိမ်း ခြောက်ခြင်းများ စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ် လျက်ရှိ သည်။ ထိုသို့ ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက် တွင်လည်း မန္တလေး တိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများသို့ မီးရထား ခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မန္တလေး-သာစည် မီးရထား လမ်းပိုင်းနှင့် စက်ခေါင်း များအား စစ်ဆေးပြင်ဆင်ဆောင်ရွက်လျက် ရှိသည့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၏ လုပ်ငန်း တာဝန်ထမ်းဆောင်နေမှုများ ကိုလည်း နှောင့်ယှက်မှုများပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ မြန်မာ့မီးရထားမှ အထက်မြန်မာပြည်အထွေထွေမန်နေဂျာ ဦးဆောင်သော မြန်မာ့ မီးရ ထားမှ တာဝန်ရှိသူများသည် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် မန္တလေး-သာစည် မီးရထားလမ်းပိုင်းနှင့် စက်ခေါင်းများ အား စစ်ဆေးပြင်ဆင် ဆောင်ရွက်လျက်ရှိစဉ် ဆူပူလှုံ့ဆော်ဆန္ဒပြသူ ၁၀၀ ဦးခန့်က ချမ်းအေး သာစံမြို့နယ်၊ ၇၈ x ၇၉ လမ်းကြား၊ ၃၄ လမ်းအနီးရှိ မီးရထားသံလမ်းများတွင် ခရီးသွားပြည်သူ များစီးနင်းမည့် မီးရထားများ ခုတ်မောင်းမှုမပြုနိုင်စေရန် သံချောင်းများချထားခြင်း၊ သစ်တုံးများ၊ ကျောက်ခဲများဖြင့် ပိတ်ဆို့ခြင်းများပြုလုပ်ပြီး ဆူပူဆန္ဒပြခြင်းများကို ဆက်လက်ပြုလုပ်လာခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းများကြောင့် မြန်မာ့မီးရထားမှ အထက်မြန်မာပြည်အထွေထွေ မန်နေဂျာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆူပူလှုံ့ဆော်ဆန္ဒပြသူ များအား တွေ့ဆုံ၍ အများပြည်သူ များ၏ ခရီးသွားလာမှု လွယ်ကူချော့မွေ့စေရေး ဆောင်ရွက် နေသည်ကို နှောင့်ယှက်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားဆောင်ရွက်စဉ် ဆူပူလှုံ့ဆော်ဆန္ဒပြသူများက လုံခြုံရေး တပ်ဖွဲ့ဝင် များအား ရထားလမ်း ဝဲ၊ယာမှ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်၊ ဓားများဖြင့် ပစ်ပေါက် ရန်ပြုလာသောကြောင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက သတိပေးပြီး အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် ရာဘာကျည်များဖြင့် ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရသည်။ ည ၉ နာရီခန့်မှသာ ဆူပူလှုံ့ဆော်ဆန္ဒပြသူများအား လူစုခွဲရှင်းလင်းနိုင်ခဲ့ပြီး ဆူပူလှုံ့ဆော် ဆန္ဒပြမှု တွင်ပါဝင်ပတ်သက်သူများအား လိုအပ်သလိုဖော်ထုတ်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် မန္တလေး-သာစည်မီးရထားလမ်းပိုင်း ဘေးအန္တရာယ် ကင်းရှင်းမှု စစ်ဆေး နိုင်ရေး အတွက် စက်ခေါင်းတွဲတစ်တွဲ ရှေ့ပြေးထွက်ခွာပြေးဆွဲ နိုင်ခဲ့ ပြီဖြစ်ကြောင်းနှင့် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှု မရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုလွယ်ကူ ချောမွေ့စေရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့် အညီ နေ့ညမပျက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ Ref; https://dsinfo.org/node/373