နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပထမဦးဆုံးလုပ်သည့် သတင်းစာရှင်းလင်းပွဲ ဖြစ်သည့်အတွက် မေးခွန်း တော်တော်များများ ပါလာကြောင်း၊ အရင် သတင်းစာရှင်းလင်းပွဲနှင့်စာရင် လာသည့် သတင်းထောက် နည်းပါးသည့်အတွေက် မေးခွန်းအားလုံးမေးမြန်း ခွင့်ပြုပါလို့ ကျွန်မ ဗိုလ်ချုပ်ကို အရင်ဆုံး မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ကြရာတွင် မေးခွန်းသုံးခု အရင် မေးမြန်းပြီးမှ ပြန်ပြောလို့ရရင် ပြန်ပြောပေးမည်ဖြစ်ကြောင်း ကြသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က ပထမဦးဆုံး မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရထိပ်တန်း ခေါင်းဆောင်တွေကို အခုလောလောဆယ် ဖမ်းဆီးထားပါကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့် ကို သွင်းကုန် ထုတ်ကုန်ပုဒ်မ၊ သဘာဝဘေးအန္တရာယ် ပုဒ်မတွေးဖြင့် တရားစွဲဆိုထားကြောင်း၊ ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ တရားစွဲတင်ချဖို့ လုပ်နေတာ ဖြစ် ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက မှတ်ယူထားကြောင်း တော်မတော်က တရားဥပဒေကို လက်လွတ်စပယ်ကျင့် သုံးလို့ စွပ်စွဲထားကြောင်း၊ ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က မည်သို့ပြောလိုသည်ကို သိရှိလို ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် အဓိကကတော့ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ခြင်းမရှိသည့် ဥပဒေ အတိုင်းပဲ မိမိတို့ လိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဖြစ်စဉ်များကို ဆောင်ရွက်သည့်အခါမှာ ဥပဒေအရ ဆောင်ရွက်ရသည့်လုပ်ငန်းတွေရှိကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေထက်ကျော်လွန်ပြီး မည်သည့် အရာကိုမှ ဆောင်ရွက်မှာ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က ဆက်လက်မေးမြန်းရာ တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁ အရ သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးကို အကြောင်း တစ်ခုခုနဲ့ စွပ်စွဲ အပြစ်တင်မည်ဆိုလျှင် လွှတ်တော်တစ်ခုခု ရဲ့ ကိုယ် စားလှယ် အနည်းဆုံး ပုံ တစ်ပုံ လက်မှတ်ရေးထိုး တဒီပြုပြီးတော့ အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံမှ ဆက်လက် အရေးယူလို့ရကြောင်း၊ ပြီးရင် ဒီပုဒ်မ ၄၁ ပုဒ်မခွဲ (ဃ) (c) (စ)တို့နဲ့အညီ စစ်ဆေးရမည်ဖြစ်ကြောင်း၊ ပြီးရင် တစ်ဖက် က ဖမ်းဆီးခံထားရတဲ့လူ တွေဘက် က လည်း ခုခံချေပခွင့်ရရမည်ဖြစ်ကြောင်း ပြီးမှ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက သဘောတူမှ ရာထူးကနေ ရပ်လို့ရကြောင်း၊ လောလော ဆယ် သမ္မတ ဦးဝင်းမြင့်ကို ရာထူးကရပ်စဲ တသည် ဖွဲ့စည်းပုံနှင့်မညီဘူးလို့ အားလုံး က ထောက်ပြဝေဖန် နေတာဖြစ်ကြောင်း၊ ဒီအချက်အပေါ်မှာ တပ်မတော်က ဘယ်လိုများ ရှင်ပြမည်လဲဆိုတာ သိချင် ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် အခြေခံဥပဒေနှင့် ပတ်သက်၍ လေ့လာသည့်အခါမှာ မိမိဏဏ ကြောင်း၊ ဒါက ထုတ်နုတ်ထားတာ ဖြစ်တွင် အခြေခံဥပဒေ တစ်ခုလုံးကို မိမိတို့ ခြုံငုံလေ့လာဖို့ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသည့်အခါမှာ ပုဒ်မ ၇၁ ဆိုတဲ့အပိုင်သည် စွပ်စွဲပြစ်တင်ပြောဆိုသည့်အပိုင်းဖြစ်ကြောင်း၊ ဒီအပေါ်မှာ ဒါနှင့် ပတ်သက်သည့် ဒီထက်ရှေ့မှာ ပြဌာန်းထားသည့် ဥပဒေများလည်းရှိသည် ကို ပြောလိုကြေခြင်း၊ ဥပမာ-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ ကို မိမိပြောလို ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု။ အကြမ်း ဖက်မှုနှင့် အမေ့နည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းနှင့် ပြည်ထောင်စုပြိုကွဲ စေမည့်၊ တိုင်းရင်သာဝစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ အာဏာ လက်လွှတ်ဆုံးရှုံးမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် ဆိုသည့် ပြဋ္ဌာန်းချက်ကို ပထမဆုံး ပြောလိုပါ ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)မှာပါသည့် ပုဒ်မ ၄၀(ဂ) နိုင်ငံတော်၏အချုပ်အခြာအာဏာ ကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အနည်းဖြင့် ရယူရန်ဆောင်ရွက် ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်း တို့ကြောင့် ပြည်ထောင် စုပြိုကွဲစေမည့် တိုင်းရင်သာဝစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ လက်လွှတ် ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိ သည်ဟု ပြဋ္ဌာန်းထားတာရှိကြောင်း၊ ပုဒ်မ ၇၃(က)ကိုလည်း လေ့လာနိုင်ပါကြောင်း၊ ဒီဟာသည် အရေးပေါ်ကာလပြဌာန်းချက် များနှင့်အညီ မိမိတို့ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက် များမှာ ပါသည်များကို လုံခြုံငုံပြီး လေ့လာခြင်း၊ မိမိတို့ ပုဒ်မ ၁ ကနေ ပုဒ်မ ၄ မှာရှိသည့် ပထမဦးဆုံး နိုင်ငံတော်၏ အခြေခံမူတွေကိုလေ့လာပြီး နှိုင်းယှဉ်ရင် တွေ့နိုင် သည်ဟု ပြောလိုပါကြောင်း၊ ဒါနှင့် ဏ်တော်လို့ မိမိပြောလိုသည်မှာ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ရယူသည့်ချိန်မှာ ထုတ်ပြန်ချက်များ ရှိကြောင်း၊ ဒီထုတ်ပြန်ချက်၊ ပြောဆိုချက် များသည် ဥပဒေနှင့်ညီမညီ ဆိုတာကို အသေးစိတ်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က ဒီရက်ပိုင်းမှာ တပ်မတော်ကို ဆန့်ကျင် ပြောဆိုသူတွေကို ထောင်ဒဏ်အနှစ် ၂၀ အထိ အပြစ်ပေးဖို့ လွှတ်တော်ရဲ့သား တူညီချက်မပါဘဲနဲ့ ဥပဒေကိုပြင်ဆင်လိုက်ကာကို မိမိတို့တွေ့ရကြောင်း၊ ဒါပေမဲ့ တစ်ဖက်မှာတော့ ရဲနှင့်တပ်မတော်ဘက် က လက်နက်မပါဘဲ ဆန္ဒပြနေသူများကို အင်အားအလွန်အကျွံသုံးပြီး ဖမ်းဆီးနှိမ်နင်း တာတွေကို မိမိတို့ တွေ့ရကြောင်း၊ နောက် ဖမ်းထားပြီးမပြေး နိုင်တဲ့ ဆန္ဒပြသူတွေကို တောင် အလွန်အကျွံ ရိုက်နှက်တာတွေကို လည်းတွေ့ရကြောင်း၊ ခုန ဗိုလ်ချုပ်တို့ ပြောသွားတာက ဗိုလ်ချုပ်တို့ဘက် အနေ ဏေဖြစ် ကြောင်း၊ မိမိတို့ လွတ်လပ်တဲ့ မီဒီယာတွေက ရိုက်ထားသည့် ဒီလို အလွန်ဂျုံရိုက်ပြီး အင်အားသုံးသည့် မှတ်တမ်း တွေ့ရှိကြောင်း မြေပြင်မှာ တကယ့်လက်နက် မပါဘဲ ဆန္ဒပြသည့်သူတွေကို အင်အား အလွန်အကျွံသုံးပြီးတော့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဒီလိုပြုမူဆောင်ရွက်နေတာတွေအပေါ်မှာ ဥပဒေအရ ဘယ်လိုအရေးယူမှာလဲ၊ ဒီမို ကရေစီလို့ပြောတယ်ဆိုရင် ဒီလိုငြိမ်းချမ်ရွာ ထုတ်ဖော်ပြော ဆိုခွင့်ရှိကြောင်း ထုတ်ဖော် ပြသ ခွင့်ရှိကြောင်း၊ ဒါတွေကို အင်အား အလွန်အကျွံမသုံးစဖို့ တပ်မတော်ဘက်က ဘယ်လောက်ထိ အာမခံချက်ပေးနိုင်ပါသလဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် အဓိကထား နိုင်ငံသူ နိုင်ငံသား အခွင့်အရေး ဆိုတာရှိကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးသည် နိုင်ငံသူနိုင်ငံသားများ ရရှိရမည့် အခွင့် အရေး ဖြစ်ကြောင်း၊ မိမိတို့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ကနေပြီးတော့ ပြဋ္ဌာန်းထား ရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အခွင့်အရေးကို ဆောင်ရွက်သည့် အခါမှာ သူတစ်ပါး အခွင့် အရေးကိုလည်း လေးစား ရမှာဖြစ်ကြောင်း၊ သူတစ်ပါး၏ရပိုင်ခွင့်ကို လည်းလေ စားရမှာဖြစ်ကြောင် နေနောက် တစ်ခုက နိုင်ငံတော်၏ ဥပဒေတွေနှင့် ပတ်သက်လို့ပြောရရင် အရေးပေါ်ကာလ ပြဌာန်းချက်များအရ မိမိတို့ကန့်သတ်နေ သည့်ဥပဒေများ ထုတ်ပြန်လိုက်သည့် ဥပဒေ များသည် နံပါတ်တစ် ရည်ရွယ်ချက်က နိုင်ငံတော်၏ လုံခြုံရေးနှင့် ပြည်သူများ၏ လုံခြုံရေး တိုးမြှရရှိစေဖို့အတွက် ရည်ရွယ် တသီဖြစ်ကြောင်း၊ ပုဒ်မ ၄၂ဝ အရ အရေပေါ် အခြေအနေ ကြေညာ ထားစဉ် ကာလအတွင်း လိုအပ်သည့် နယ်မြေဒေသမှာ နိုင်ငံသား တို့၏ မူလအခွင့်အ ရေး တစ်ရပ် ဖြစ် ဖြစ်၊ အခွင့်အရေးတစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ် သလိုကန့် သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်း နိုင်သည်ဆိုပါကြောင်း၊ မိမိတို့အနေဖြင့် အားလုံးကို ရပ်ဆိုင်းထားတာမရှိခြင်း၊လုံးကို ကန့်သတ် ထားတာမရှိကြောင်း၊ လိုအပ်ရင်လိုအပ်သလောက်သာဆောင်ရွက် နေတာ ဖြစ်ကြောင် ခုနကပြောသည့် မီဒီယာအနေ ဖြင့် ပြောသည်များကို မိမိတို့တွေ့ရကြောင်း၊ ဒီလိုဆောင်ရွက်သည့် အချိန် မှာ အဓိကရုဏ်းတွေ၊ ဆန္ဒပြမှုတွေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဆောင်ရွက် သည့်အခါမှာ မြန်မာနိုင်ငံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ ၏ စည်းမျဉ်းစည်းကမ်းအတိုင်း စတင်ဆောင်ရွက်တာဖြစ်ကြောင်း ခုနက ပြသ သည့် သပြေကုန်းလိုဖြစ်စဉ်မျိုး ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စတင်ပြီးမှ ပစ်ပေါက်တာတွေ၊ စတင်ပြီးတော့မှ ဆဲဆိုတွေက စတင်ခဲ့ တာဖြစ်ကြောင်း၊ မိမိ အနေဖြင့် အာမခံနိုင်တာ တစ်ခုကတော့ ဒီဆန္ဒပြသူတွေကို ဆောင်ရွက်သည့် အခါမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူတို့၏ စည်းမျဉ်း စည်းကမ်းတွေအတိုင်း စတင် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ထောင်ပြီးတော့ ပစ်ခတ်ကာ မရှိဘူးလို့ မိမိအာမခံ လိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန် ကမနေ့က မန္တလေးဆန္ဒပြပွဲကို ဖြိုခွင်းတဲ့ အချိန်မှာ ကျွန်မတို့ ဗီဒီယိုမှတ်တမ်းတစ်ခု ရထဝပါဝင်း၊ ရဲကားပေါ်ကနေပြီး ရဲအရာရှိတစ် ဦးက လောက်လေးနဲ့ ချိန်ပြီး တော့ ပြည်သူလူထုထဲကို ပစ်တာကိုတွေ့ရကြောင်း ရဲတပ်ဖွဲ့ ဆိုတာ အဓိကရုဏ်း နှိမ်နင်းသည့် နိုင်ငံ တကာဥပဒေနှင့်အညီ ဆိုရင် နံပါတ်တုတ်ကို အရင်ဆုံးကိုင်ရမှာ မဟုတ်ဘူးလာ နေက် Water Cannon လို့ သည့် ရေနဲ့ဖျန်းပြီးဆာ ဖြိုခွင်းတာမျိုး ကို ကျွန်မတို့ လက်ခံကြောင်း၊ ဒီအရပ်ထဲက သာမန် လူတွေလုပ်သလိုမျိုး ရဲငတ်စုံတွေ ကို ဝတ်ထားပြီးတော့ လောက်လေးခွနဲ့ ပစ်တာသည် တရားဥပဒေနဲ့ညီပါသလား ဆိုတာသိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြ ရက် လောက်လေးခွနှင့်ပစ်တာကိုတော့ တရာ့ပဒေနှင့်ညီ မညီ မိမိဆုံဖြတ်မပေး နိုင်ကြောင်း၊ ဘာလို့ဆုံးဖြတ်မပေးနိုင်တာပဲ ဆိုတော့ မိမိအမြင်ဖြင့် သူသည် ရဲကာပေါ်မှာ ရှိနေကြောင်း၊ ရဲကားက သွားနေကြောင်း၊ ခုနက မန္တလေးဖြစ်စဉ်ကို ပြလိုက်ပါကြောင်း၊ ရဲကားတွေ ဖြတ်မောင်းနေကြောင်း၊ ဘေးကနေ ခဲဖြင့်ထုကြောင်း၊ ခဲနဲ့ ထုတာကိုတော့ သူကလည်း နံပါတ်တုတ်ဖြင့် သွားပြီးဆင်းရိုက် လို့ မဖြစ်နိုင်ဘူးလို့ မိမိမြင်ကြောင်းလောက်လေးခွနှင့် ပြန်ပစ်တာဆိုတာသည် လည်း သူ့မှာ ဒေသန္တရသုံးစွဲနိုင်အောင်လို့ ယခင်ကတည်း ကတိုင် လုပ်ထားတာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က ထပ်မံမေးမြန်းရာ ရဲတပ်ဖွဲ့ဝင်အနေဖြင့် လောက်လေးခွ ကိုင်ဆောင်ခွင့် ရှိပါသလားဆိုတာ သိချင်ပါ ကြောင်း မေးမြန်းသည်။ ။ ဗိုလ်မှူးချုပ်မင်ထွန်းက ဆက်လက်ရာတွင် ရဲတပ်ဖွဲ့ဝင်အနေဖြင့် လောက်လေးခွ ကိုင်ဆောင်ခွင့်ရှိ သလား ဆိုတော့ ရဲတပ်ဖွဲ့ဝင်အနေဖြင့် သေနတ်နှင့် ပစ်ချင်လို့ သူ့ကိုယ်သူကာကွယ်သည့် အနေ ဖြင့် လုပ်ဆောင် တာဖြစ်ကြောင်း၊ ဥပဒေ ပြဋ္ဌာန်းချက်မှာတော့ ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် လောက်လေးခွ ကိုင်ခွင့်မရှိဘူးလို့တော့ မိလည်းမမြင်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးမွန်က နေပြည်တော်မှာ ပစ်ခတ်ခံရ သည့် မမြသည့် ခိုင်၏ ဦးခေါင်းကိုပစ်လိုက်သည့် ကျည်ဆန်သည် ရော်ဘာကျည်ဆန်ဖြစ်တယ်လို့ ဗိုလ်ချုပ်တို့ တရားဝင်ပြောထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှာ တွေ့ရကြောင်း၊ ၎င်ကိစ္စကို သိလိုကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြား ရာတွင် ရော်ဘာကျည်ဆန်နှင့် ပစ်တယ်လို့ မိတို့သတင်း မှန်ပြန်ကြားရေးက ဘယ်အချိန် က ထုတ်ထားတာရှိပါသလဲ၊ ထုတ်ပြန်ထား တာ မရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်အေးမွန်က ရော်ဘာကျည်ဆန်နှင့် ပစ်တယ် လို့ ကြားမိလို့ ဖြစ်ပါကြောင်း၊ ဆေးရုံက ဆရာဝန်တွေကို ကျွန်မတို့ မေးကြည့်သည့်အခါမှာ ဒါကသက်ကို ခြိမ်းခြောက်လောက်သည့် ကျည်ဆန်အစစ်ဖြစ်တယ်လို့ ပြောထားကြောင်း၊ ဦးနှောက်ထဲမှာ လည်းကျည်ဆန်ကို တွေ့ထားကြောင်း ညာဘက်ကနေ ဝင်ပြီးတော့ ဘယ်ဘက်ကနေမ ထွက်ဘဲနဲ့ ဦးနှောက် ထဲမှာ ကျည်ဆန်ကို တွေ့ရကြောင်း၊ ဒါနဲ့ တ်သက်ပြီးတော့ ဗိုလ်ချုပ်တို့ဘက်က မည်သို့ပြောဆိုသည်ကို သိချင်ပါကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြား ရာတွင် အဓိကကတော့ အဲဒီအမျိုးသမီးနှင့် ပတ်သက်ပြီးတော့ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မိမိတို့ပေးလိုက်မည်ဖြစ်ကြောင်း၊ သူသည် လည်း အကြမ်းဖက်မှုမှာ ပါဝင်ပြီးတော့မှ အုတ်ခဲနဲ့ စတင်ပစ်ခတ်ခဲ့သည့် အမျိုးသမီး ဖြစ်ကြောင်း၊ ထိုအမျိုးသမီးလုပ်တာကို မိမိ အပြစ်တင်တာ မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် အနေဖြင့် ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်း လျက်ရှိကြောင်း၊ သုံးနှုန်းထားသည့် အသုံး အနှုန်းထဲမှာ ရေဘာကျည်ဆန်နှင့် ပစ်တယ်လို့ မသုံးကြောင်း၊ ကျည်ပစ်ကျည်မှန်နဲ့ ပစ်တယ်လို့ မသုံးကြောင်း၊ မိမိတို့အနေဖြင့် ဒါကို သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ မိမိတို့ သုံးနှုန်းထားတာဖြစ်ကြောင်း၊ ဒါကို မေးမြန်း ဆောင်ရွက် လျက်ရှိကြောင်း၊ဒါနှင့် ပတ်သက် ပြီး မိမိတို့ တရTဥပဒေနှင့်အညီ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ကြားသည်။
သူရိယဝန်းနယ်မှ CEO ဦးမိုးဟိန်း က မေးမြန်းရတွင် မိမိအနေဖြင့် မေးခွန်း နှစ်ခု မေးချင်ပါကြောင် မိမိမေးခွန်းမမေးခင် အချိန်နှစ်မိနစ်ခန့် ပြောဆိုခွင့်ပေးစေလိုကြေဝင် ၁၉၈၈ ခုနှစ် နဝတအာဏာ သိမ်းသည့် အခြေအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ကော်နေ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ တာဝန်ယူလိုက်သော အချိန်နှစ်ခု ဘယ်လိုကွဲပြားသလဲဆိုတာ နှစ်မိနစ်ခန့်ပြောခွင့်ပြုစေ လိုကြောင်း မိမိတို့နယ်က နိုင်ငံရေးသုံးသပ်ချက်(Political Opinion) ကိုပဲ ဖြစ်သည့် အတွက်ကြောင့် ထိုကွဲပြားမှုကိုလူထုနှင့် ကမ္ဘာကို ကွဲကွဲပြားပြား သိစေချင် ပါကြောင်း၊ ဘာကြောင့်လဲဆိုတော့ ၁၉၈၈ အရေးတော်ပုံကြီးမှာ ကျွန်တော်ကိုယ်တိုင် ဦးဆောင် ခဲ့တာဖြစ် ပါကြောင်ဒ နံပါတ်(၁)ကနေ (၁၀)၊ (၁၅)ထဲတွင်ပါကြောင်း၊ မိမိကိုယ်တိုင်ထောင် ၅ ထောင်မှာ ခဲ့ရကြောင်း၊ထိုအချိန် က (၈၈) နဝတ အာဏာ သိမ်းတဲ့အချိန်မှာ ဖြစ်သွားခဲ့သည့် ကိုင်တွယ်မှုနှင့် ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရ၏ ကိုင်ထွယ်မှုသည် မိုးနှင့်မြေလို ကြောင်း မိမိအနေဖြင့် ပကတိမြင်တာကို မြင်သည့်အတိုင်း သုံးသပ်ခြင်းဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် စောက်တလ ၁၈ရက် ညနေကတည်း က စပင်တာဖြစ်ကြောင်း၊ ယခုလက်နက်သံက ကျည် အစစ်ဖြင့် ပစ်သည့်သံကို တစ်ချက်မှ မကြားရသေးကြောင်း ရက်အကျည်ဖြင့် ပစ်ခတ်ကြောင်း၊ ရေပိုက်ဖြင့် ထို ကြောင်း၊ ထိုအခြေအနေမှာ ဘယ်အချက်များ ကွဲလွဲ နေလဲဆိုတော့ (၁၉၈၈ ခုနှစ်) နုဏကောင်စီ DCDသိမ်ဝစဉ် အစိုးရမှာ အကုန်လုံးက တပ်မတော် စစ်တိုင်းမှူးကြီးအဖြင့်သာ ဖွဲ့စည်း ခဲ့ကြောင်း၊ အစိုးရအထစ် (၁၀၀%)စစ်အစိုးရ စစ်အာဏာသိမ်သော စစ်အစိုးရအဆစ်ဖြစ် တွင် မိမိတို့ ကိုယ်တိုင် ယင်အစိုးရကို ပုန်ကန်ခဲ့ကြောင်း မိတို့ကိုယ်တိုင် ထွက်ပြေး ခဲ့ကြောင်း မိမိတို့ကိုယ်တိုင် ထောင်ကျ ခဲ့ကြောင် မိမိတို့က မီဒီယာအဖြစ်နဲ့ ရပ်တည် ပြီနေပါကြောင်း တစ်ခါမှ နိုင်ငံရေးကို မပြောဖူးကြောင်း၊ သို့သော်လည်း ယခုနိုင်ငံဇော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုင်တွယ်မှု မှာ အကုန် လုံးက ရဲတပ်ဖွဲ့များဖြစ်ကြောင်း ဥပပြင်သစ်မှာဖြစ်နေမှုမှာ အမေရိကားမှာ ဖြစ်နေမှုများ ထိုင်းမှာ ဖြစ်နေ မှုများနှင့် အလောတူပဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကား ဖြင့်ထိုးကာ သတိပေးကြောင်း၊ အဆင့်ဆင့် မြင်နေရ၍ လူထုကို မိမိပြောချင်သည်မှာ ဆန္ဒသိပ်မစောပါနဲ့၊ ညင်ညင်သာသာ ကိုင်နေ သည့်အချိန်မှာ အားလုံး ညင်ညင်သသာပြီး ဆုံးသွားမည်ဖြစ်ကြောင်း၊ ညင်ညင်သာသာ မဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ဖြစ်လာပါက ၁၉၈၈ က မိမိတို့ခံခဲ့ရသလို အားလုံးခံသွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က လမ်းပြမြေပုံ (၅ချက်ဆိုတာ Televionက လူထုကို တိုက်ရိုက်ရှင်းပြပြီးသွားပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ပေးမည်။ ပါတီစုံဒီမိုကရေစီ စနစ်ကို သွားမည်ဖြစ်ကြောင်း၊ အကုန်လုံးပြီးသွားပြီ ဖြစ်သည့် တွက်ကြောင့် ယခုလိုဆက်ပြီး ဆူပူသွား မည်ဆိုပါက မိမိတို့ ဖွတ်မရ ဓားမဆုံးပဲရှိမည် ဖြစ်ကြောင်း၊ နောက်တစ်ချက်က မိမိတို့ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေနှင့် အဓိကယှဉ်ရမှာ ထိုင်းနိုင်ငံက မိမိတို့နှင့် အနီးဆုံးဖြစ် ကြောင်း၊ ထိုင်းနိုင်ငံက ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၃ ကြိမ် နိုင်ငံရေး ဇာတ်ခုံပေါ်ကို ထိန်းသိမ်း ခဲ့ရကြောင်း၊ ပျမ်းမျှအားဖြင့် ၆ နှစ်တစ်ကြိမ် ထိုင်းမှာ စစ်တပ် အာဏာသိမ်းကြောင်း၊ မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက တပ်မတော်ကနိုင်ငံရေးဇာတ်ခုံပေါ်ကို တက်လာသည်မှာ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ မိမိလိုကြောင်း၊ ယခု နိုင်ငံရေးဇာတ်ခုံပေါ်ကို နိုင်ငံ တော်အုပ်ချုပ်မှု ကောင်စီအစိုးရ တက်လာတာ ကြည့်ပါက (၇၃)နှစ်အတွင်းမှာ (၃)ကြိမ် ရှိသေးသည့်အတွက်ကြောင့် ထိုင်းနှင့်မြန်မာ နိုင်ငံအခြေအနေကိုယှဉ်ပါက မြန်မာပြည်မှာ တပ်မတော်က နိုင်ငံရေးဇာတ်ခုံပေါ် ဝင်ရောက်မှုမှာ အကြိမ်ရေနည်းပါးကြောင်း၊ ထို့ကြောင့်ပြည်သူလူထုအနေဖြင့် ဉာဏ်ပညာ ရှိရှိဖြင့် လက်ရှိ အစိုးရ ဆောင်ရွက်နေသည့် အပေါ် စိတ်ရှည်ရှည်ဖြင့် ဘာကိုသွားနေသလဲ။ ဘယ်လို လုပ်နေ သလဲ၊ ဒီတိုင်းသွားလို့ အဖြေ ကို ရောက်မည်လ၊ ထိုအပေါ်တွင် စိတ်ရှည်ပေးကြရန် လက်ရှိအစိုးရ ဆောင်ရွက်ချက် များကို အကဲဖြတ်ပြီး စောင့်ဆိုင်းသော်ကြောင်း တိန့်ရှောင်ဖိန်က ပြောခဲ့ကြောင်း၊ ဘယ်ကြောင့်ပဲဖြစ်ဖြစ် ကြောင်ဖြူပဲဖြစ်ဖြစ် ကြွက်ခုတ်ရင် ကြောင်ပဲဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ ကြွက်ခုတ်ရင် ကြောင်ဖြစ်မည်ဖြစ်ကြောင်း တိန့်ရှောင်ဖိန် ပြောခဲ့သည့် စကားဖြစ်ကြောင်း ပြောကြားသည်။
သူရိယနေ၀န်းဂျာနယ်မှ CEO ဦးမိုးဟိန်း က မေးမြန်းရာတွင် လက်ရှိအစိုးရအနေဖြင့် လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြည်သူလူထုက ပိုမိုသိရှိလာရန် ပိုမိုရှင်းလင်း လာရန်အတွက် ဘာတွေလုပ်ဆောင်ပေးဖို့ ရှိနေသလဲဆိုသည်ကို သိချင်ပါကြောင်း၊ နံပါတ်နှစ်မေးခွန်းမှာ လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးက သိပ်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက် များကို မည်သို့ဆက်လက်ဆောင်ရွက်သွား မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း တိတိ ကျကျ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် အဆိုပါစကားများအတွက် ကျေးဇူးတင် ပါကြောင်း၊ မိမိတို့အနေဖြင့် စပြီးတာဝန်ယူကတည်းက ပြောပြီးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ဖွဲ့စည်းပုံကိုကြည့်ပါက ၈+၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်အရာရှိကြီး ၈ ဦးနှင့်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင် ၈ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ထိုအချက်ကို ကြည့်ခြင်းဖြင့် မိမိတို့ ဝန်ကြီးဌာနများတွင်လည်း ဝန်ကြီးများ ခန့်ထားမှုမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက်ကျွမ်းကျင်သည့်လူများသာ ခန့်အပ်ဆောင် ရွက်ထားကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် မိမိတို့ဆောင်ရွက်ချက်တွေကို သိနိုင်မည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ( မိမိတို့၏ရည်မှန်းချက်များ ဘယ်လိုရည်မှန်း ထားကြောင်း၊ ရှည်နှင့် ပတ်သက်ပြီး အာဏာနှင့် ပတ်သက်ပြီး ရေရှည်တာဝန်ယူဆောင်ရွက်မည် မဟုတ်ကြောင်ကို ပြောပြီး ဖြစ်ကြောင်း မေးထားသည့် မေးခွန်းနှင့် ပတ်သက်ပြီး ယခုအစိုးရ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်ပြီး Road Map (၅) ချက်ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူ လူထုကို ရှင်းရှင်းလင်းလင်း သိနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးများတွင် ဘာတွေပြေသွား သည်ဆိုသည်ကို သတင်းထုတ်ပြန်ပေးလျက် ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့ ဘာတွေလုပ်ဆောင် နေကြောင်း၊ ဘာတွေဆွေးနွေးခဲ့ကြောင်း ကိုလည်း သတင်းထုတ်ပြန်ပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ဆောင်ရွက်ချက်ကြောင်းအရာ အသေးစိတ် ကနေစပြီး မိမိတို့ရေးခဲ့ကြောင်း၊ မိမိ မေးခွန်း တစ်ခုမေးချင်သည်မှာ ဒီမိုကရေစီခေတ်ဟုပြောခဲ့သော လွန်ခဲ့သည့် ၅ နှစ်တာကာလ အတွင်းမှာ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့တွင်ပြောခဲ့သည့် မူဝါဒများကို ချမှတ်ပေး မည့် Policy Maker များအနေနှင့် ယခု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက လုပ်ဆောင်ချက်များကို အစိုးရကဘာတွေ ဆက်လုပ်သွားမည်၊ ဘာတွေဆွေးနွေးခဲ့သည် စသည်ဖြင့် အများကြီး မိမိမလိုကြောင်း၊ သုံးပုံတစ်ပုံ သတင်းထုတ်ပြန်ခဲ့သည်ဆိုပါက မိမိကိုပြ၊ ယခုပြည်သူလူထုကို မိမိတို့က အစိုးရဘာတွေလုပ်မည်၊ ကောင်စီက ဘာတွေ လုပ်နေသည်။ မိမိတို့ ဘယ်မူဝါဒနှင့် သွားမည် ဆိုသည်ကို အပတ်စဉ်အစည်းအဝေးတိုင်းမှာ အသေးစိတ်ပြောသမျှကို ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ဤသည်မှာ ပွင့်လင်းမြင်သာမှု ပြည်သူကို လေးစားတန်ဖိုး ထားခြင်းများ၏ ပြယုဂ်ဖြစ်သည်ဟု မိမိပြောလိုကြောင်း၊ နောက်တစ်ချက်မှာ အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး မိမိတို့အနေ နှင့် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ( မိမိတို့၏ ရည်မှန်းချက်များ ဘယ်လိုရည်မှန်း ထားကြောင်း၊ ရှည်နှင့် ပတ်သက်ပြီး အာဏာနှင့် ပတ်သက်ပြီး ရေရှည် တာဝန်ယူဆောင်ရွက်မည် မဟုတ်ကြောင်ကို ပြောပြီး ဖြစ်ကြောင်း မေးထားသည့် မေးခွန်း နှင့် ပတ်သက်ပြီး ယခုအစိုးရ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်ပြီး Road Map (၅) ချက်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူ လူထုကို ရှင်းရှင်းလင်းလင်း သိနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးများတွင် ဘာတွေပြေသွား သည်ဆိုသည်ကို သတင်း ထုတ်ပြန်ပေးလျက် ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့ ဘာတွေလုပ်ဆောင် နေကြောင်း၊ ဘာတွေဆွေးနွေးခဲ့ကြောင်း ကိုလည်း သတင်း ထုတ်ပြန် ပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ဆောင်ရွက်ချက်ကြောင်းအရာ အသေးစိတ် ကနေစပြီး မိမိတို့ရေးခဲ့ကြောင်း၊ မိမိ မေးခွန်း တစ်ခုမေးချင်သည်မှာ ဒီမိုကရေစီခေတ်ဟုပြောခဲ့သော လွန်ခဲ့သည့် ၅ နှစ်တာကာလ အတွင်းမှာ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့တွင်ပြောခဲ့သည့် မူဝါဒများကို ချမှတ်ပေး မည့် Policy Maker များအနေနှင့် ယခု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက လုပ်ဆောင်ချက်များကို အစိုးရကဘာတွေ ဆက်လုပ်သွားမည်၊ ဘာတွေဆွေးနွေးခဲ့သည် စသည်ဖြင့် အများကြီး မိမိမလိုကြောင်း၊ သုံးပုံတစ်ပုံ သတင်းထုတ်ပြန်ခဲ့သည်ဆိုပါက မိမိကိုပြ၊ ယခုပြည်သူလူထုကို မိမိတို့က အစိုးရဘာတွေလုပ်မည်၊ ကောင်စီက ဘာတွေ လုပ်နေသည်။ မိမိတို့ ဘယ်မူဝါဒနှင့် သွားမည် ဆိုသည်ကို အပတ်စဉ်အစည်းအဝေးတိုင်းမှာ အသေးစိတ်ပြောသမျှကို ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ဤသည်မှာ ပွင့်လင်းမြင်သာမှု ပြည်သူကို လေးစား တန်ဖိုး ထားခြင်းများ၏ ပြယုဂ်ဖြစ်သည်ဟု မိမိပြောလိုကြောင်း၊ နောက်တစ်ချက်မှာ အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး မိမိတို့အနေ နှင့် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပထမအဖွဲ့သည် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များနှင့် လိုအပ်သူများဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်ဒ အဓိက အနေဖြင့် မူဝါဒပေးမှု များ၊ ဦးဆောင်လမ်းညွှန်မှုများကို မိမိတို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဖွဲ့ အနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဦးစီး၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ပြည်ထောင်စုဝန်ကြီးများပါဝင်လိမ့် မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ အဖွဲ့ဝင်များ ပါဝင်လိမ့်မည် ဖြစ်ကြောင်း၊ မိမိတို့ရည်မှန်း ထားသည်မှာ တကယ်ထိထိ ရောက်ရောက်ဖြစ်အောင် လုပ်ဆောင်ရန် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ် တိုင်းမှူးများ က ထိုအဖွဲ့ထဲတွင်ပါဝင်ပြီး လက်တွေ့ကျကျ ဆောင်ရွက်သွား မည်ဖြစ် ကြောင်း၊ မူဝါဒအမြင်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် ပေးမည့် အဖွဲ့ဖြစ်ကြောင်း နောက်တစ်ခုမှာ အမျိုးသားစည်းလုံး ညီညွတ်ရေး ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖွဲ့စည်းမည်ဖြစ်ကြောင်း ထိုအဖွဲ့ ဖွဲ့စည်းသည့်အချိန်တွင် ယခင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ဦးစီးအဖွဲ့ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးပြီး တကယ်လုပ်ဆောင်ရမည့်ဝန်ကြီးများ ပါဝင်သည့်အဖွဲ့များ၊ ယခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်စဉ်မှာ ပါဝင်သည့် အကြံပေးများ ပါဝင် လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ညှိနှိုင်းရေးကော်မတီများနှင့် အလုပ်လုပ်ပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်မရှိဘဲ နှင့် ရှေ့ဆက်သွားနိုင်ရန် မဖြစ်နိုင်သည့် အတွက်ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အထူးအလေးထားသည့် အကြောင်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံနှင့် NCA နှစ်ပတ် လည်နေ့များတွင် အမြဲတမ်းပြောကြားခဲ့ကြောင်း၊ ထိုကော်မတီကိုဖွဲ့စည်းပြီး ငြိမ်းချမ်း ရေးကို နံပါတ်တစ်အနေဖြင့် လက်တွေ့ကျ သည့် ငြိမ်းချမ်းရေးဖြစ်စေရမည် ဖြစ်ကြောင်း၊ နံပါတ်နှစ် အနေဖြင့် ယခုတစ်နှစ်အတွင်း၊ ယခုအရေးပေါ်ကာလ တာဝန်ထမ်းဆောင် နေချိန်အတွင်းမှာ လက်တွေ့ ကျသော ရလဒ် များရအောင် ဆောင်ရွက်သွားမည်ကို ပြောလို ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သူရိယနေ၀န်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး ရှင်ရှင်းလင်းလင်း သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် မိမိတို့အနေဖြင့် လက်တွေ့ ကျသည့်ကော်မတီ သုံးခုကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဖွဲ့စည်းသည့်အချိန်တွင် တပ်မတော်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ငန်းကော်မတီတွင် ပြည်နယ်ဥက္ကဋ္ဌများ တိုင်းမှူးများ ကိုယ်တိုင် ပါဝင်မည်ဖြစ်ကြောင်း၊ ထိုကော်မတီသုံးခုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိပြောနိုင် သည်မှာ ယခု အရေးပေါ်ကာလတွင် မိမိတို့သည် လက်တွေ့ ကျသည့် ဖြစ်ပေါ်တိုးတက်မှုမျိုး၊ လက်တွေ့ ကျသည့် ဆွေးနွေးမှုမျိုး လက်တွေ့ကျသည့် ရယ်မျိုးဖြစ်လာအောင် မိမိတို့ဆောင်ရွက် သွားမည် ကို ပြောလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဦးရဲမင်းဖြိုးက အနောက်နိုင်ငံများက တပ်မတော်အပေါ် ပိတ်ဆို့အရေးယူမှုအပေါ် မည်သို့ တုံ့ပြန်အရေးယူဆောင်ရွက်သွားမည် လဲကို သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် အဓိကက ထိုပိတ်ဆို့အရေး ယူမှု လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုကိစ္စမတိုင်ခင်ကတည်း က ပိတ်ဆို့အရေး ယူမှုများ လုပ်နေသည့် ( ကိစ္စများ လုပ်ဆောင်နေကြောင်း၊ ဒါကတော့ ၎င်းတို့၏ လုပ်ငန်း ပဲဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက် ၍၎င်းတို့၏လုပ်ငန်းကို ထူးခြားပြီး ဝေဖန်စရာ မရှိကြောင်း၊ ဘယ်လိုပြောပြော မိမိတို့အနေ ဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပြည်သူ လူထု၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက် လာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၁၉၈၈ ခုနှစ် နိုင်ငံတော် တာဝန်ရယူရပြီး နိုင်ငံတော်မှာ ဘဏ္ဍာငွေနှင့် ပတ်သက်ပြီး အကျပ် အတည်း တွေ့နေရချိန် မှာတောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံကို အခြေအနေအတိုင်း အတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အနီးဆုံးနားလည်အောင် ပြောရမည်ဆိုပါက ယခုသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် အဆောက်အဦကစပြီး နေပြည်တော်ဆိုသည့် မြို့၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး စသည်တို့ ဖြစ်ပေါ်လာအောင် ဘယ်လိုအခြေ အနေကနေ တည်ဆောက်လာခဲ့သည်ဆိုတာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယနေ့ အချိန် တွင် ဒီလိုမျိုး အခြေအနေ မဟုတ်တော့ကြောင်း၊ ယခုတွင်အခြေခံအဆောက်အဦများ ရှိပြီးသားဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် အတူတူ ပူးပေါင်းပါဝင်လက်တွဲပြီး ပိုမို တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
SKYNET သတင်းဌာနမှ သတင်းထောက် ဦးအောင်ဇော်က နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးကြဖို့ တောင်းဆို နေကြတာတွေ ရှိနေပါကြောင်း၊ ဘယ်အချိန်လောက်မှ လွှတ်ပေးနိုင်မလဲ။ ဘာတွေဆက်လုပ်နေလဲ၊ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့၏ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာ သိလိုပါကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း၊ ဒုတိယအချက်က မိမိတို့အနေဖြင့် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်သွားမည် မဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ SKY NET သတင်းဌာနမှ သတင်းထောက် ဦးအောင်ဇော်က တပ်မတော် မှ တာဝန်ယူပြီး သည့်နောက်မှာ NLD တာဝန် ရှိသူအချို့ကို ထိန်းသိမ်းထားပြီးပိတ်ဆို့ထားမှု များ ရှိကြောင်း၊ ဘာကြောင့်ထိုသို့လုပ်ရတာလဲ ဆိုတာနှင့် ထိန်းသိမ်းထားသောသူများ၏ ကျန်းမာရေး အခြေအ နေများကိုလည်း သိရှိ လိုပါကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက် ဖြေကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂x၀၈ ခုနှစ်) အခန်း(၁၀)မှာ နိုင်ငံရေးပါတီများ နှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားတာရှိကြောင်း၊ အခြေခံအားဖြင့် နိုင်ငံရေးပါတီများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ထားပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ ပို့ဖြစ်ကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ယူပြီး နောက်ပိုင်းတွင် နိုင်ငံတော်၏ လုံခြုံရေးအရ ဆက်စပ်ပြီး စစ်ဆေးဖော်ထုတ်နေရတာတွေ ရှိပါကြောင်း၊ ဒါတွေကို လုပ်နေရသည့် ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံဖြစ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာမှာ နိုင်ငံသားများထံမှ အမှန်တကယ် ဆင်းသက်ရန်အတွက် ဖြစ်ပါကြောင်း၊ တွေ့ရှိချက်တွေ အများကြီး ရှိကြောင်း၊ ထိုအထဲတွင် မိမိပြောနိုင်တာတစ်ခုက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ နိုင်ငံခြားငွေ စီးဆင်းမှုများ တွေ့ရှိရပါကြောင်း၊ အချို့ အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်း နှင့် သင့်လျော်သော အချိန်ရောက်လျှင် သက်ဆိုင်ရာကဏ္ဍအလိုက်ထုတ်ပြန်တာတွေ၊ ရှင်းလင်းပေးတာတွေ ကိုပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ပြောကြားသည်။
ဆက်လက်၍ SKY NET သတင်းဌာနမှ သတင်းထောက် ဦးအောင်ဇော်က နိုင်ငံ အနှံ့အပြားတွင် နိုင်ငံ့ဝန်ထမ်းများအားလုံး CDMလုပ်နေတာ တွေ့ရှိရပါကြောင်း။ ပါဝင်တဲ့ ဝန်ထမ်းများက ပါဝင်နေတာရှိသလို မပါဝင် တဲ့ဝန်ထမ်းတွေလည်း ရှိပါကြောင်း၊CDM မှာ ပါဝင်တဲ့ဝန်ထမ်းတွေ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး အစိုးရအနေနှင့် လုံခြုံရေး ဆိုင်ရာများကို တာဝန်ရှိသူများအနေနှင့် ဘယ်လိုမျိုးတာဝန်ယူပေးနိုင်မလဲ၊ ဘာတွေ ဆက်လုပ်မှာလဲဆိုတာ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် CDM ကိစ္စနှင့် ပတ်သက်ပြီး ပြောရမယ်ဆိုရင် မဖြစ်သင့်သည့်ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ အဓိကကတော့ နိုင်ငံရေး သမားများက နိုင်ငံ့ဝန်ထမ်းများကို သူတို့၏ နိုင်ငံရေးလောဘ ပြည့်ဖို့အတွက် ဓားစာခံတွေ အဖြစ် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်း ပေါ်ကို အတင်းတင်မြှောက်ပေးပြီး တင်နေ တယ်လို့ မြင်မိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် CDM ကိစ္စနှင့် ပတ်သက်ပြီး ပြောကြားခဲ့တာ တွေ ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများကို စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတွေ အနေနှင့် ပြည်သူလူထု ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်း တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ မထမ်းဆောင်နိုင်မှုတွေမှာ ဆရာဝန်များ ၏သစ္စာအဓိဋ္ဌာန်ကိုဖောက်ဖျက်ရာရောက်ပြီး ပြည်သူများအနေနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုခံယူရာမှာ ပြင်ပဆေးခန်း တွေမှာ ငွေကြေးအကုန်အကျ များစွာခံပြီး ကုသမှုခံယူနေရသည့်အတွက် ပြည်သူများမှာ ထိခိုက်နစ်နာမှုတွေ ရှိသည့်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုတွေကိုဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ လူ့အသက်မှာ အရေးကြီးပြီး CDM နှင့် ပတ်သက်၍ တချို့သောဌာနတွေမှာ တာဝန် ရှိသူတွေ ကိုယ်တိုင် လှုံ့ဆော်နေတာတွေ ရှိကြောင်း၊ နိုင်ငံရေး ခံယူချက်ထက် နောက်ကွယ်မှ ကိုယ်ကျိုး အကြောင်း တရား တွေကို တွေ့ရပါကြောင်း၊ ဝန်ထမ်းတွေဖြစ်ပြီး လှုံ့ဆော်နေတာကိုတော့ တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ မည်သည့် နိုင်ငံရေး ခံယူချက်ရှိသည်ဖြစ်စေ၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဆိုတာ ဒီမိုကရေစီ၏ ကျင့်စဉ်ပဲ ဖြစ်ပါကြောင်း၊ တွင်ပြီးပြဋ္ဌာန်း ထားတာ မဟုတ်ပါကြောင်း၊ အထူးသဖြင့် တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များမှာ ကတိသစ္စာ ဆိုထားသူ များဖြစ်ပြီး ကျွန်တော်တို့ သစ္စာဆိုထားတာတွေမှာ နိုင်ငံ နှင့် ပြည်သူအတွက်ဖြစ်ပါကြောင်း၊ ပါတီ တစ်ပါတီ၊ အဖွဲ့ အစည်းတစ်ခုအတွက် သစ္စာ ဆိုထားတာ မဟုတ်ပါကြောင်း၊ လူသားချင်း ကိုယ်ချင်း စာနာစိတ်၊ လူ့အခွင့်အရေး တို့ဆိုတာ ပါးစပ်နှင့် ပြောလို့မရပါကြောင်း၊ လက်တွေ့ လုပ်ဆောင် ရမှာဖြစ်ပြီးအစိုးရဝန်ထမ်းတွေကို လုပ်ငန်းခွင် အမြန်ပြန်ဝင်ရောက်ကြဖို့နှင့် အရေးယူမှုတွေလုပ်မှာ မဟုတ်ပါဘူးဆိုတာ တရားဝင်ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒါကြောင့်လုပ်ငန်းခွင်ကို အမြန်ဝင် ရောက်ကြရန်နှင့် လုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက် လာသော ဝန်ထမ်းများကိုလည်း အရေးယူမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါကြောင်း၊ လက်တွေ့ဆန်းစစ်ကြည့်မယ်ဆိုရင် ဝန်ထမ်း တွေကိုမြှောက်ပင့်ပေးနေတာဘယ်သူတွေလဲ။ အဲ့ဒီမြှောက်ပင့်ပေးနေတဲ့သူတွေကဘာတွေ နှင့် အသက်မွေးဝမ်းကျောင်းပြုသည့်သူများ လဲဆိုတာ သေချာလေ့လာကြည့်ပါလို့ ပြောလို ပါကြောင်း၊ ဝန်ထမ်းများအနေနှင့် အခုလုပ်ကိုင်နေသည့် မိမိတာဝန်ကို နိုင်ငံတော်နှင့် ပြည်သူအပေါ်မှာ သစ္စာရှိရှိနှင့် တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းတွေရှိပါကြောင်း၊ အားလုံးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့်လည်း ကျေးဇူး တင်တယ် ဆိုတာ ပြည်သူလူထုကို ပြောကြားသည့် မိန့်ခွန်းမှာလည်း ထည့်သွင်းပြောကြားခဲ့ ပါကြောင်း၊ ဒါကြောင့် အစိုးရဝန်ထမ်းများ အနေနှင့် အပြုံးမပျက် ရုံးတက်ကြဖို့ တိုက်တွန်း လိုပါကြောင်း၊ အပြုံးမပျက် ရုံးတက်နိုင်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
Voice of Myanmar (VOM) ဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်း က မေးမြန်းရာတွင် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှုများ ရှိသည်ဟု စွပ်စွဲခဲ့ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး အာဏာထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါစွပ်စွဲချက်နှင့် ပတ်သက်ပြီး မည်မျှ အထိ စစ်ဆေးပြီးသည်ကို သိလိုကြောင်း၊ မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကစပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် တရားမျှတပြီး သန့်ရှင်း သည့် ရွေးကောက် ပွဲဖြစ်ဖို့နှင့် သန့်ရှင်းသည့် နိုင်ငံရေးဖြစ်ဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ကြောင်း၊ အသစ်ဖွဲ့စည်း ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း၊ ပထမအကြိမ် စစ်ဆေးတွေ့ရှိချက်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ထုတ်ပြန်ချက်အရ ယခင့် UEC က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သုံးဆယ့် ရှစ်သန်း နှစ်သိန်းခုနစ်သောင်းကျော်ရှိသည် ကို ထုတ်ပြန်ထားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထုတ်ပြန်ထား သည့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူစာရင်း သည် သုံးဆယ့်နှစ် သန်းနှစ် သိန်းကျော် ဖြစ်ကြောင်း၊ စာရင်းကွာခြားချက်ခြောက်သန်းရှိသည်ကို ပထမအကြိမ် ထုတ်ပြန်ချက် တွင် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီမြို့နယ်ရှစ်မြို့နယ်ကို အသေးစိတ် စစ်ဆေးပြီး ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေးချက်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေ သူများ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် သုံးကြိမ်ပါဝင်နေသူများ၊ မဲစာရင်းနှစ်ကြိမ် ပါဝင်နေ သူများ၊ စုစုပေါင်း ၂၆၄၁၄ ဦး ပါရှိနေ ကြောင်း၊ UEC အသစ်အနေဖြင့် အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း၊ UEC အသစ်က မကြာခင်တွင် တွေ့ရှိချက်များ၊ ဖြစ်စဉ်များ ကိုပွင့်လင်းမြင် သာစွာ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ကြားသည်။
ဆက်လက်၍ Voice of Myanmar (vOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မေးမြန်းရာတွင်မန္တလေးမြို့၌ ဆန္ဒပြသည့်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်း သည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၏ယူနီဖောင်းများက ဘက်တံဆိပ်မပါခြင်းသည် ဥပဒေနှင့် ညီပါ သလား သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ကြားရာတွင် အဆိုပါဖြစ် စဉ်များနှင့် ပတ်သက်ပြီး ပြန်လည်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါတပ်ဖွဲ့ဝင်သည် လုပ်ငန်း တာဝန်ထမ်းဆောင်ရန် ထွက်လာသည့်အခါ အနွေးတည်ယူဆောင်ခြင်းမပါဘဲ ယူနီဖောင်း အပေါ်မှာ ဆွယ်တာထပ်ဝတ်ထားခြင်း ဖြစ်နိုင်ကြောင်း၊ ဥပဒေကို ချိုးဖောက်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ် နိုင်ကြောင်း၊ တချို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအနေဖြင့် လမ်းမပေါ်တွင် တာဝန် ထမ်းဆောင်ခြင်း၊ လုံခြုံရေးဆောင်ရွက်ခြင်း များရှိပြီး တပ်ဖွဲ့ဝင်များ အနေဖြင့် တော်တော်လေး ပင်ပန်းပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များကို အသိအမှတ်ပြု လေးစားပါကြောင်း၊ မနက် ကနေ ညပိုင်းအထိ တာဝန်ထမ်းဆောင် နေကြပြီး ယခုလို တာဝန်ထမ်းဆောင်ရန် အတွက် အနွေးထည်မပါခြင်းမျိုး ဖြစ်နိုင်ပါကြောင်း၊ ဥပဒေ ကို ချိုးဖောက်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း ကြားသည်။
Voice of Myanmar (YOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မေးမြန်းရာတွင် တပ်မတော်အနေဖြင့် မဲမသမာမှုထုတ်ပြန် ချက်များနှင့်ပတ်သက်ပြီး တပ်မတော်၏ အလုပ်မဟုတ် ဘဲ နိုင်ငံရေးပါတီများ၊ လေ့လာ စောင့်ကြည့်သူများ၏ အလုပ်ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပါ ကြောင်း၊ ခပ်ရှင်းရှင်း ပြောရမည်ဆိုပါက နည်းနည်းလေးစကား ပြောသွားတာ ရိုင်းသွားရင် ခွင့်လွှတ်စေလို ကြောင်း၊ စကားပုံတစ်ခုအနေဖြင့် နွားရှေ့ ထွန်ကျူးနေသလို ဖြစ်နေကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်သို့ သဘောထားမှတ်ချက်ပေးလိုသည်ကို သိလို ကြောင်း မေးမြန်းသည်။ ။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ကြားရာတွင် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စနစ်တကျ အသေးစိတ်စာရင်းများ ထုတ်ပြန်ခဲ့ခြင်းများ ရှိကြောင်း၊ ပွင့်လင်းမြင်သာစွာ အထောက် အထားစုံလင်စွာဖြင့် သတင်းထောက်များ၏ ရှေ့တွင်လုပ်ဆောင် ခဲ့ကြောင်း၊ တစ်မြို့နယ် အလိုက်၊ တိုင်းဒေသကြီးအလိုက်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များကို အပြန် အလှန် စစ်ဆေးမှုများ ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးမှု များအား တစ်မြို့နယ်ချင်း အလိုက် စာအုပ် ပေါင်း ၃၀၀၀ ကျော်ကို မီဒီယာများရှေ့၊ ပြည်သူများရှေ့တွင် ပြသခဲ့ပြီး စိတ်ကြိုက် စစ်ဆေး ခွင့်များ ပေးခဲ့ကြောင်း၊ ဘာကြောင့် လုပ်ရသလဲဆိုလျှင် ဒီမိုကရေစီစနစ် မယိမ်းယိုင်စေရန်နှင့် စစ်မှန်ပြီး စည်းကမ်း ပြည့်သည့် ပါတီစုံဒီမိုကရေစီစနစ်ပီပြင်လာ စေရန်အတွက် စစ်ဆေးခြင်း ဖြစ်ကြောင်း ကြားသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ခုနကပြောသည့်စကားပုံ နွားရှေ့ထွန်ကျူး ကိုပြန် ပြောရရင် အဓိပ္ပာယ်ကောက် လွဲသွား မှာလည်း စိုးကြောင်း၊ ဆိုလိုသည့် အဓိပ္ပာယ် ကလည်း နိုင်ငံရေးပါတီ၊ စောင့်ကြည့်နေသူ များကို နွားလို့ပြောသည်ဟု စကားအတအန ကောက် ဦးမည်ဖြစ် ကြောင်း၊ သို့သော် တစ်ခုတော့ ကြိုပြီးတော့ပြောလိုကြောင်း၊ အထအန မကောက်စေ လိုကြောင်းနှင့် ခုနကပြောသည့် အတိုင်း စကားပုံသက်သက် အနေနှင့်သာပြောလိုကြောင်း၊ တစ်ခါတလေတော့ လည်း နွားရှေ့ ထွန်ကျူးသင့်ရင် ကျူးရမှာဖြစ် ကြောင်း၊ ဥပမာအနေဖြင့်ပြောရရင် နွားက သူလုပ်ရ မည့် လယ်ထွန်သည့်၊ ဃာတွန်သည့် အလုပ်ကို လုပ်ဖို့အတွက် မိမိတို့က ထွန်ဆွဲ ခိုင်းတာဖြစ် ကြောင်း၊ မဆွဲဘဲ သူ့ရဲ့ ဉာဉ် အတိုင်းပဲ တွန်းတယ်။တိုက်တယ်။ ဘေးတိုက် သွားနေတာဖြစ်ကြောင်း၊ ဒါဆိုရင် အလုပ် ဖြစ်အောင် မိမိတို့လုပ်ရမှာ ဖြစ်ကြောင်း၊ မဆွဲချင်ဘဲ တွန်းသာတွန်းချင်နေသည့် ကိုတော့ နောက်မှာ ထွန်တုံးမတပ်ဘဲနှင့် ရှေ့မှာထွန်တုံးတပ်ပြီး လုပ်ခိုင်းသင့်လျှင် လုပ်ခိုင်း ရမှာဖြစ်ကြောင်း၊ တွန်းပြီးတော့မှ မိမိတို့ရည်မှန်းချက်ဖြစ်သည့် ယာမြေ ညက်အောင် လုပ်သင့်ရင် လုပ်ရမှာဖြစ်ကြောင်း၊ အဲဒါ ဘာနဲ့မှ နှိုင်းယှဉ်ပြောတာ မဟုတ်ကြောင်း၊ ဥပမာတစ်ခု၊ အတွေးအမြင် တစ်ခု အဖြစ်ပြောတာဖြစ်ကြောင်း ရှင်းလင်း ၊ကြားသည်။
ဆက်လက်၍ Voice of Myanmar (VOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် မီဒီယာပေါင်းများစွာ တက်ရောက်ကြပြီး ယခုအခါ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲများကို တက်ရောက် ရန်အတွက် မိမိအပါအဝင် မီဒီယာအချို့ကို ခြိမ်းခြောက် မှုများရှိခြင်းအပေါ် မည်ကဲ့သို့ သဘောထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် သတင်းစာရှင်းလင်းပွဲ လုပ်မည့် အကြောင်း ကို ဖိတ်ကြားသည့်အခါ တချို့ မီဒီယာများက တရားဝင် ထုတ်ပြန်ပြီး ဆောင်ရွက်နေမှုများကို တွေ့ရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် မီဒီယာများအပေါ်ထားသည့် သဘောထား သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် သတင်း မီဒီယာကောင်စီဖြင့် တွေ့ဆုံချိန်နှင့် MRTV စိန်ရတု နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ဒီမိုကရေစီခေတ်တွင် သတင်းမီဒီယာကဏ္ဍသည် အရေးကြီး ကြောင်း၊ သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်ကို အသိအမှတ်ပြုကြောင်း၊ မှန်မှန် ကန်ကန်ဖြစ်ဖို့လိုကြောင်း၊ ပြည်သူလူထု အတွက် အကျိုးရှိမည့်သတင်းများ ဖြစ်ရန် လိုကြောင်းနှင့် မှန်ကန်ဖို့၊ မြန်ဆန်ဖို့၊ အကျိုးရှိဖို့ လိုကြောင်း ကိုပြောကြားခဲ့ကြောင်း၊ ၊ တပ်မတော်အနေဖြင့် မီဒီယာများအပေါ် ထားသည့် သဘောထား များဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ် ခံယူထားကြောင်း၊ အခြားသူများ ခံယူခြင်း မခံယူခြင်း က မီဒီယာ များအသိပဲဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲ ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး မီဒီယာ များအား ခွဲခြားဆက်ဆံခြင်းမရှိဘဲအားလုံး ဖိတ်ကြား ခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်သည့်အခါ မီဒီယာများအပေါ် ခွဲခြား ဆက်ဆံခဲ့ သည့်သူများကို မီဒီယာများ အသိဆုံးဖြစ်ကြောင်း၊ ယခုအချိန်တွင် ဘယ်မီဒီယာက ဘာသတင်း များကို ဦးစားပေး ဖော်ပြနေသည်ကို သိကြမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူလူထုအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ်အော်ဟစ် ဆဲဆိုခြင်းများကို အဆိုပါမီဒီယာ များရှေ့တွင် ပြုလုပ်ခဲ့သော်လည်း မီဒီယာများမှာ ဖော်ပြခဲ့ခြင်း မရှိကြောင်း၊ ဖော်ပြခဲ့ခြင်း မရှိသည့်အတွက် အပြစ်မတင်ပါကြောင်း၊ ၎င်းမီဒီယာများ၏ ခံယူချက် ပင် ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတက် ခြင်း၊ မတက်ခြင်းကို မဝေဖန်လိုကြောင်း၊ ၎င်းမီဒီယာ များ၏ ပြည်သူလူထုအပေါ် ထားသည့် စေတနာပင် ဖြစ်ကြောင်း၊ ငါတို့ရေးတာပဲ ဖတ်ရမယ်၊ သိရမယ် ဆိုတာ ပြည်သူလူထုကို အထင်သေးတာလို့ မြင်ကြောင်း၊ စတုတ္ထမဏ္ဍိုင်၏ ရပ်တည် ချက်ကို ငြိမ်းချမ်းစွာ နေထိုင်လိုပြီး နိုင်ငံတော်အပေါ် စေတနာစစ်မှန်သည့် ပြည်သူလူထုက ဆုံးဖြတ် သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)