မကွေး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွှဲပိုင်းက မကွေးမြို့၊ မဟာဝိသုတာရာမစာသင်တိုက်၌ မကွေးမြို့ပေါ်ရှိဆရာတော်ကြီးများအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားကို ဆရာတော်ကြီးများနှင့်တက်ရောက်လာသည့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကေလာဘဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဇျာယ် တော်မူအပ်သော မေတ္တာသုတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက ဆရာတော် ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျောက်ထားရာ ဆရာတော်ကြီးများက ဩဝါဒကထာ ပြန်လည်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြသလွန်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်