(၁၈-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၁၇-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၈-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၈၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၁၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၄၈၀,၂၉၄) အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၁,၇၀၉) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၂၂၇) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၃၁,၁၇၁) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃,၁၉၃) ဦး ရှိပါသည်။
* ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် “ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (mask and face shield campaign)” ၌ ပါဝင်သော ဆောင်ရွက်ရမည့်အချက်များကို တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းနှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစု စီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေး ခြင်းတို့ ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။