Skip to main content

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် (၁၈-၂-၂၀၂၁) ရက်နေ့မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)၌ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနမှ အရာထမ်းများကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လျက်ရှိသည်။ (၁၈-၂-၂၀၂၁)ရက်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန(၇)ခုမှ အရာထမ်း(၄၁၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။ သတင်းစဉ်