နေပြည်တော် ဖေဖော်ဝါရီ ၁၈
ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်း ၇၈ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ကျောက်ဆည် မြို့နယ်၊ ကင်းကျေးရွာ၊ ရွာငံ- ကျောက်ဆည်သွားကားလမ်းတွင် ရွာငံဘက်မှ ကျောက်ဆည် ဘက်သို့ မောင်းနှင် လာသည့် Crown မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်း နှင်ထွက် ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကုလကျေးရွာအနီးတွင် အဆိုပါ မော်တော်ယာဉ်အား ယာဉ်မောင်း စွမ်းသီဟ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်း ၇၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စွမ်းသီဟ(၂၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အမှုဖွင့်အရေး ယူထားရှိပြီး စစ်ဆေး ဖော်ထုတ် ချက်အရ သိမ်းဆည်းရမိသော ဘိန်းစိမ်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ကွင်းဆက်တရားခံများ စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
(သတင်းစဉ်)