နေပြည်တော် ဇန်နဝါရီ ၂၆
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များ အကောင်အထည် ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ Stakeholder များမှ ကျွမ်းကျင် ပညာရှင်များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ပါ သဘောတူညီချက်များ အကောင်အထည် ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြုပြင်ဆောင်ရွက်သင့် သည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးခဲ့ကြပြီး အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြစ်ကြသည့် ဦးကျော်ဝင်း (စာရေးဆရာ)၊ ဦးအေးမောင်ကျော် (မြန်မာ့ရေးရာ)၊ ဒေါက်တာတင်မောင်သန်း(သင့်ဘဝ)၊ ဒေါက်တာ ကျော်ရင်လှိုင် (CDNH)၊ ပါမောက္ခ(ငြိမ်း) ဒေါက်တာထွန်းကျော်ငြိမ်း၊ ဦးလှဝင်း(စာရေးဆရာ) ၊ ဒေါက်တာရန်မျိုးသိမ်း(စာရေးဆရာ)၊ ဦးရဲမျိုးဟိန်း (တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့)၊ ဦးသန်းစိုးနိုင်(စာရေးဆရာ)၊ ဦးမောင်မောင်စိုး(စာရေးဆရာ)၊ ဦးဇေယျသူ (The Voice)၊ ဦးမြအေး(Federal Democratic Force)၊ ဦးစည်သူအောင်မြင့်(စာရေးဆရာ)၊ ဒေါက်တာ မင်းဇော်ဦး(MIPS)၊ ဦးအောင်နိုင်ဦး (CPR)၊ ဒေါက်တာမင်းခင်မောင်ရင်(CPR)၊ ဦးမင်းဇင်(ISP Myanmar)၊ ဦးအောင်သူငြိမ်း(ISP Myanmar)၊ ဦးနေထွန်းနိုင်(Peace Deck)၊ ဒေါက်တာ ဆုမွန်သဇင်အောင်(ISP Myanmar)၊ ဒေါ်ခင်ခင်ကျော်ကြီး(China Deck)၊ ဒေါ်ခင်မမမျိုး(MIGS)၊ ဦးစိုးမြင့် (Mizzima)၊ ဦးကျော်စွာမိုး (ဧရာဝတီ)၊ ဦးသက်နိုင်ဦး(DVB)၊ ဦးဆန်နီဆွေ (Frontier)၊ ဦးအားမာန်(7 Day) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)