ပဲခူး ဇန်နဝါရီ ၂၆
ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့ သီရိမင်္ဂလာ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံ သက ဩဝါဒကထာမြွက် ကြားသည်။
ထို့နောက် သီရိမင်္ဂလာကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉေယျ ဓမ္မာဘိဝံသမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အတွက် အလှူငွေကျပ်သိန်း (၃၀၀)နှင့် ပဲခူးမြို့အထွေထွေရောဂါ ကုဆေးရုံကြီးတွင် အရေးပေါ်ဆေးဝါးများ ဝယ်ယူနိုင်ရေး အတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ကာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျန်းမာရေးအထောက်အကူပစ္စည်းများအား ဆရာတော်ကြီး ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)