Skip to main content

ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူ‌ငွေများလှူဒါန်း

ပဲခူး ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဝယ်ယူရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ အလှူ‌ငွေများ လာရောက် လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်ပေးမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားပြီး ပဲခူးတိုင်း‌ဒေသကြီးစာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အတွက် အလှူ‌ငွေကျပ် (၁၇)သိန်းအား ပေးအပ် လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပဲခူးတိုင်း‌ဒေသကြီး စာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)