ပြန်ကြားရေးဝန်ကြီးဌာန ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ
၂၆-၁-၂ဝ၂၁ ရက်နေ့၊ (၁၀ : ၀ဝ)နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂ ပညာသင်နှစ်)အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများတို့အတွက် လိုအပ်သော စက္ကူ ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီမှ စျေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင် ခဲ့သော အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါစျေးနှုန်းနှင့် အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင် ကြောင်း ကြေညာအပ်ပါသည်-