Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် နေ-လ ကွမ်းစားနှပ်ဆေးနှင့် သန့်စင်ပြီး ပျားရည်စက်ရုံ မိသားစု၏ အလှူငွေကျပ်(၃၀,၅၃၀,၀၀၀) အား လက်ခံ

မုံရွာ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော အလှူရှင်များနှင့်အတူ ယနေ့ နံနက် (၉) နာရီခွဲက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲကျင်းပရာ အလှူရှင် မုံရွာမြို့ ဦးပြည့်ဖြိုးလှိုင်+ဒေါ်နိုင်နိုင်မော် သား-မောင်ရဲသံလွင်၊ သမီး-မမေသံစဉ်ချို (နေ-လ ကွမ်းစားနှပ်ဆေးနှင့် သန့်စင်ပြီး ပျားရည်စက်ရုံ) မိသားစု၏ မတည်ငွေ ကျပ်သိန်းသုံးရာနှင့် ဝန်ထမ်းများ၏ ထည့်ဝင်လှူဒါန်းငွေကျပ် (၅၃၀၀၀၀) စုစုပေါင်း အလှူငွေကျပ် (၃၀၅၃၀၀၀၀) အား လက်ခံရယူပြီး အလှူရှင်များအတွက် များစွာ ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် သာဓုခေါ်ဆိုပါကြောင်း ပြောကြားခဲ့သည်။         

ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)