Skip to main content

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်း(ရန်ကုန်ဇုန်)နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ WYNDHAM GRAND YANGON HOTEL တွင် ယနေ့ နံနက် နာရီက ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌‌ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ‌ကြောင့် ရပ်တန့်သွားသည့် လူမှုစီးပွားဘဝများ ပြန်လည် ဖွံ့ဖြိုးလာစေရန် အားလုံးပူးပေါင်းပြီး ကြိုတင်ကာကွယ်မှုများနှင့် တားဆီးကာကွယ်မှုများ ဆက်လက် ဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ခရီးသွားကဏ္ဍ နယ်ပယ်တွေမှာလည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများ များစွာရှိခဲ့သည့်အတွက် အဆိုပါထိခိုက်မှုများကို ယနေ့အချိန်မှစပြီး နိုးထနိုင်ဖို့ ယနေ့ ဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် အားလုံးပူးပေါင်း ဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဟိုတယ်များမှ လိုက်နာကျင့်သုံးရမည့် အချက်အလက် များအား ရှင်းလင်းဆွေးနွေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဟိုတယ်လုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် လမ်းညွှန်ချက်များကို လိုက်နာရန်၊ ကာကွယ်ဆေးများ ရရှိလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါသည် ကပ်ရောဂါအသွင်မှ လျော့ပါးလာမည်​ဖြစ်သော်လည်း ရောဂါပိုးအနေဖြင့် ဆက်လက်တည်ရှိနေမှာ ဖြစ်သည့်အတွက် New Normal, New Living, New Yangon မှ စ်ဆင့် New Myanmar နေထိုင်မှုပုံစံတွင် Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် ခပ်ခွာခွာနေခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်သွားခြင်းဖြင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဟိုတယ်များ လိုက်နာရမည့်အချက်များ ပါဝင်သော စာအုပ်အား မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်ထံသို့ ပေးအပ်ခဲ့ ပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ရှိ ဟိုတယ်အသီးသီးတို့မှ Zoom Cloud မှတစ်ဆင့် ပါဝင်ကာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)