Skip to main content

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

လှိုင်းဘွဲ   ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ် နော်သငဲ့ကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်၍ (၁၂)ဘီး ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၄

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်မှာကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၁၄

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Max Planck and the Chubb Rule of Law Fund မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၁၄  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ BBC Media Action ရေကြည်ရာ အစီအစဉ်နှင့် International Labour Organization (ILO) တို့ပူးပေါင်း၍ Livelihood and Food Security Trust Fund (LIFT) ၏ အကူအညီဖြင့် မီဒီယာနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ဘားအံ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ပခုက္ကူ  ဖေဖော်ဝါရီ ၁၄

ပခုက္ကူတက္ကသိုလ်အသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် အခန်း(၃၀၆) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နမ့်ဆန်  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် Barefoot Doctors Myanmar အဖွဲ့တို့ပူးပေါင်းပြီး နမ့်ဆန် ဒေသရှိ လက်ဖက်တောင်သူများ လက်ဖက်လုပ်ငန်းအပြင် ဝင်ငွေတိုးလုပ်ငန်း ရရှိစေရန် အတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့မဂိုဏ်းချုပ်ကျောင်း တိုက်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

လွိုင်ကော်   ဖေဖော်ဝါရီ   ၁၄

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က  လွိုင်ကော်မြို့ Famous Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ဘားအံ    ဖေဖော်ဝါရီ  ၁၄

ပိုးမွေးမြူရေးနှင့် ပိုးချည်မျှင်ထုတ်လုပ်ခြင်း မိတ်ဆက်ဖြန့်ဖြူးမှုစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမော့ကပို မျိုးစေ့ခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် တိုင်းပြည် ငြိမ်းချမ်းမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်၍ စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာစေရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020


ရန်ကုန် ဖေဖော်ဝါရီ ၁၃


ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အလှူအဖြစ် Taw Win Art Gallery က ကြီးမှူး၍ ပန်းဘဲတန်း မြို့နယ်နေ ပန်းချီဆရာ ဆရာမများ ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားများ စုစည်းပြသသည့် ပန်းချီပြပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်း အရုံး(ဗဟို)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

မုံရွာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖျော်ဖြေပွဲကို ယမန်မနေ့ ည (၇)နာရီခွဲက မုံရွာမြို့ ကန်သာယာ ငြိမ်းချမ်းရေးကျွန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီးပြီး ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းရေးဆွဲထားသည့် “လူကုန်ကူးမှုခင်းများ ပူးပေါင်းစစ်ဆေး တရားစွဲဆိုရေး  လမ်းညွှန်ချက်များ” ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေစခန်း အမှုစစ်အရာရှိများနှင့် ဥပဒေ အရာရှိများအကြား ကြုံတွေ့ရသော စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (Workshop on Reviewing the challenges of Police-Prosecutors Guidelines in Trafficking in Persons Cases) ကိုယနေ့နံနက် ၉ နာရီက နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၃


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

သွန်းလုပ်

ဆက်လက်ဖတ်ရှုရန်