နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ဝန်ထမ်းများ အပန်းဖြေရိပ်သာ (Recreation Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲတင့်နှင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ဝန်ထမ်းများ အပန်းဖြေရိပ်သာ (Recreation Centre)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အပန်းဖြေရိပ်သာရှိ Indoor Game ခန်းမ၊ Mind Game ခန်းမ၊ Sogester အခန်း၊ Fitness အခန်းနှင့် Lobby အခန်းတို့ကို လှည့်လည်ကြည့်ရှုရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
(သတင်းစဉ်)