Skip to main content

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် Trade Policy Review Body - TPRB Virtual Meeting အစည်းအဝေးကို GIZ နှင့် ARISE Plus စီမံကိန်းတို့၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၇ ရက် တို့၌ ကျင်းပလျက်ရှိသည်။ အဆိုပါ Virtual Meeting တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များ၊ အဖွဲ့ဝင်များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမည့် ဘာသာရပ်ဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ၊ TPR Technical Team မှ ကိုယ်စားလှယ် များဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရန်ကုန်မြို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များက အွန်လိုင်းမှ တဆင့် တက်ရောက်ဆွေးနွေးကြသည်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်မှု သဘော တူညီချက်များပါ ပြဌာန်းချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကတိကဝတ်များအား လိုက်ပါ ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံ၏ကုန်သွယ်မှုမူဝါဒများ၊ အလေ့အထများကို အဖွဲ့ဝင်နိုင်ငံများကို ပွင့်လင်း မြင်သာမှုရှိစွာ ဖော်ထုတ်ပြသခြင်းဖြင့် ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အား ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက မူလ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ခဲ့သော်လည်း နိုင်ငံစုံကုန်သွယ်မှုစနစ်၏ အနှစ်သာရနှင့် တာဝန် ဝတ္တရားများကို ထဲထဲဝင်ဝင်လိုက်ပါဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံအနေဖြင့် WTO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လိုက်ပါဆောင်ရွက်ရမည့် စည်းမျဉ်းသတ်မှတ် ချက်များ လိုက်နာဆောင်ရွက်ရန်အတွက် ကင်းလွတ်ခွင့်ရရှိသည့် အနေအထားဖြင့် ဆက်လက်ရပ် တည်နေခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ပါဝင်လာနိုင်ရန် အစဉ်တစိုက်ကြိုး ပမ်းခဲ့ရာ သိသာမြင်သာသောအရွေ့တစ်ခုအဖြစ် ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ဆောင်ရွက်နိုင်ခဲ့ကာ ၂၀၁၄ ခုနှစ်၌ အပြီးသတ် ဆန်းစစ်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်သည်။ ဤသိုဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများအကြား မြန်မာနိုင်ငံ၏ ပုံရိပ်ကို အသက်ဝင်လာစေပြီး ပထမအကြိမ်ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းမှ ထွက်ပေါ်လာသော ဆန်းစစ်ချက်၊ အကြံပြုချက်များ အပါအဝင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ နည်းပညာ အကူအညီအထောက်အပံ့များဖြင့် နိုင်ငံတွင်းရှိ ကုန်သွယ်မှုနှင့်ဆက်စပ် နေသောမူဝါဒ များကို ပိုမိုကောင်းမွန်သော မူဝါဒအချိတ်အဆက်ဖြစ်ထွန်းလာရေး တွန်းအားပေး လှုံ့ဆော်နိုင် ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်ဖြစ်သည့် အတွက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို (၇) နှစ်လျှင်တစ်ကြိမ် ကျင်းပရန် တာဝန်ရှိပြီး ဒုတိယ အကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အရအပိုင်း (၃) ပိုင်းဖြင့် လုပ်ဆောင်ရပြီး အပိုင်း (၁) အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြရသော အစီရင်ခံစာ (WTO Secretariat Report)၊ အပိုင်း(၂)အနေဖြင့် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်သည့်အဖွဲ့ဝင်နိုင်ငံ၏ အစိုးရမှ ပြုစုတင်ပြရသော အစီရင်ခံစာ (Government Report) ၊ အပိုင်း (၃) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ရှင်းလင်း ဖြေကြားခြင်းတို့ဖြစ်သည်။ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ဟု ဆိုရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ အားလုံးက မိမိနိုင်ငံ၏ ကုန်သွယ်ရေး ဆိုင်ရာမူဝါဒများကို အဖွဲ့ဝင်နိုင်ငံများအကြား ပွင့်လင်းမြင်သာစွာ ချပြကာ ယင်းမူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အခြား စိတ်ပါဝင်စားသည့် အဖွဲ့ဝင်များ၏ မေးမြန်း လာမှုများအပေါ် မိမိတို့လက်ရှိ ကျင့်သုံးနေသည့် မြေပြင်အခြေအနေ အရပ်ရပ်အားအခြေခံ၍ ပြန်လည်ရှင်းလင်းဖြေကြား ရခြင်းမျိုးဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံးမှ ပြုစုခဲ့သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် မူဝါဒများ ချမှတ်ကျင့်သုံးနေမှုနှင့် ယင်းမူဝါဒများအပေါ် လိုက်ပါဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို စိစစ်တင်ပြ ထားသည်။ မြန်မာအစိုးရမှ WTO-TPR Mechanism အရ ပြုစုတင်ပြခဲ့သော အစီရင်ခံစာတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်သည့် ကာလဖြစ်သည့် (၂၀၁၄ - ၂၀၂၀ ခုနှစ်များ) အတွင်း၌ ကုန်သွယ် မှုနှင့်ဆက်စပ်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူ ညီချက်များနှင့်အညီ လိုက်ပါဆောင်ရွက်မှုအခြေအနေများ အပါအဝင် ယင်းသို့ ဆောင်ရွက်မှုများ ကြောင့် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို တင်ပြခဲ့ခြင်းဖြစ်သည်။ TPR လုပ်ငန်းစဉ်၏ နောက်ဆုံးအပိုင်းအရ အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသော မေးခွန်းများကိုဖြေကြား တင်ပြခြင်းဖြစ်ပြီး အတွင်းရေးမှူးရုံးအဖွဲ့၏အစီရင်ခံစာနှင့် အစိုးရ၏ အစီရင်ခံစာပါ အချက်များနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ ပိုမိုသိရှိလိုသည့်အချက်များ၊ ၄င်းတို့၏ယူဆချက် များနှင့် ထောက်ပြစိစစ်လိုသည့်အချက်များ၊ အခြားသော ဆက်စပ်သဘောထား မှတ်ချက်များနှင့် ပတ်သက်သောမေးခွန်းများအတွက် သတ်မှတ်အချိန်ဇယားအတိုင်း ပြန်လည်ရှင်းလင်း ဖြေကြားပေးရခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ အပိုင်း (၃) ဆောင်ရွက်ချက်အနေဖြင့် ပြန်လည်ဖြေကြား ဆောင်ရွက်မှုအပြီးတွင် ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းအတွက် အပြီးသတ် အစီရင်ခံသည့် Trade Policy Review Body - TPRB အစည်းအဝေးတစ်ရပ် ကျင်းပရခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေး ကျင်းပပြီးစီးပါက မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဖေဖော်ဝါရီ (၁၅) ရက်နှင့် (၁၇) ရက်တို့တွင် Virtual Meeting ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ဆက်လက်၍ WTO က အပြီးသတ် အစီရင်ခံစာထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)